Thursday, June 30, 2011

စစ်တပ်ရိက္ခာများကို ရွာသားအယောက် ၅၀ ထမ်းပေးရ


ဇွန်လ 29 ရက် 2011 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည်နယ် ရှားတောမြို့နယ်၌ အခြေစိုက်သော မြန်မာစစ်တပ် 
ခမရ ၅၇၅ သည် ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့အတွင်းက ရွာသားအယောက် 
၅၀ ကို တပ် ရိက္ခာများ ထမ်းပို့ခိုင်းစေခဲ့သည်ဟု ကရင်နီ လူမှု ကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

ဗြိတိန် အလုပ်သမားသပိတ်ကြောင့် လေယာဉ်ခရီး နှောင့်နှေးမည်


29 ဇွန် 2011
ဗြိတိန်နိုင်ငံတ၀န်း အစိုးရ ၀န်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဆန္ဒပြဖို့ စီစဉ်နေတာကြောင့် 
ခရီးသွားတွေ နှောင့်နှေးနိုင်တယ်လို့ ဗြိတိန် လေဆိပ်တွေက ဒီနေ့ သတိပေးနေရပါတယ်။
ဟိသရိုး (Heathrow)၊ စတန်းစတပ်ဒ် (Stansted)၊ အဲဒင်ဘာ့ဂ် (Edinburgh)၊ 
ဂလပ်စ်ကို (Glasgow)၊ အဘာဒင်း (Aberdeen) နဲ့ ဆောက်သမ်တန် (Southampton) 
လေဆိပ်တွေမှာ ခရီးစဉ်တွေ နောက်ကျဖို့ ရှိတယ်လို့ ဒီနေ့ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

အပြည့်အစုံသို့ >>>>>>

ရေလွှဲမြောင်းပြင်ရန် လယ်သမား ၁၆ ဦး တောင်းဆို


ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ ရေလွှဲမြောင်း မကောင်းရာမှ လယ်ဧကတသောင်းကျော် 
ရေမြုပ်နေသဖြင့် အမြန်ဆုံး ပြင်ပေးရန် ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ 
၇ ရွာမှ ဒေသခံ လယ်သမား ၁၆ ဦးက ရန်ကုန်အစိုးရနှင့် ဆည်မြောင်းဝန်ကြီးဌာနကို 
ယခုတပတ် တနင်္လာနေ့တွင် စာရေးတောင်းဆိုလိုက်သည်။ 

အပြည့်အစုံသို့ >>>>>
2011 June 29 NLD DASSK Replys the Home Affairs Letter
2011 June 29 NLD Received an Official Letter Challenging Its Legal Status

Wednesday, June 29, 2011

အဝေးပြေး ကားသမားများ လူကုန်ကူးမှု သတင်းပေး ရမည်


Wednesday, 29 June 2011 13:06
အဝေးပြေး ခရီးသွားယာဉ်များပေါ်တွင် လူကုန်ကူးကြောင်း သံသယရှိပါက 
သက်ဆိုင်ရာသို့ သတင်းပေးရန်နှင့် သတင်းမပေးပါက ယာဉ်မောင်းနှင့် 
ယာဉ်နောက်လိုက်များကို ထိရောက်စွာ အရေးယူမည်ဟု အာဏာပိုင်များက သတိပေးထားသည်။

အသေးစား ချေးငွေ အစီအစဉ် အောင်မြင်


2011-06-27
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်း အတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ 
အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှုရပြီး နောက်ထပ်လည်း 
ဒီအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ NLD အမျိုးသမီးအဖွဲ့က ပြောပါတယ်။ 

လူကုန်ကူးမှုကိစ္စ မြန်မာအစိုးရ ဆောင်ရွက်ပုံ မလုံလောက်


2011-06-28
မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီး ကလေးငယ်တွေဟာ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံရ သလို၊ အမျိုးသမီးနဲ့ကလေးငယ်တွေဟာ အခြားနိုင်ငံတွေကို လိင်ကုန်ကူး ရောင်းစားတာ ခံကြရ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။ 



လူမှောင်ခိုကူးမှု မတိုက်ဖျက်တဲ့ စာရင်းမှာ မြန်မာပါဝင်


၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်
ဘီဘီစီ
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ လူမှောင်ခို ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ လူမှောင်ခိုကူးမှု ပြဿနာ တိုက်ဖျက်ရေးကို လုံလုံလောက်လောက် မဆောင်ရွက်တဲ့အတွက် အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရဖွယ် ရှိတဲ့ နိုင်ငံတွေ စာရင်းကို အရင်နှစ်ကထက် နှစ်ဆနီးပါး ဖော်ပြထားပါတယ်။

Tuesday, June 28, 2011

ထားဝယ်ဆိပ်ကမ်း စီမံကိန်းမှာ မြှုပ်နှံဖို့PTT တွန့်ဆုတ်နေ


2011-06-27
မြန်မာနိုင်ငံထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ထိုင်းနိုင်ငံရဲ့ 
အဓိကရ စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ PTT ရေနံကုမ္ပဏီဟာ တုံ့ဆိုင်းနေပါတယ်။
ထားဝယ်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မက်လုံးတွေ ရှင်းရှင်းလင်းလင်း 
မရှိသေးတဲ့အပြင် လုံခြုံရေး ကိစ္စ တွေမှာလည်း စိုးရိမ်စရာတွေ ရှိနေတယ်လို့ 
PTT ရေနံကုမ္ပဏီရဲ့ အကြံပေး မစ္စတာ ချိုင်နွီုင်းက ပြောပါတယ်။ ထိုင်းအစိုးရ အနေနဲ့ 
ထားဝယ်မှာ ရင်းနှီးးမြှုပ်နှံမှုတွေ မလုပ်ခင် လုံခြုံရေး ကိစ္စကို စိတ်ချသေချာ အောင် 
လုပ်ထားသင့်တယ် လို့လည်း ဆိုပါတယ်။