Thursday, September 22, 2011

သမဂ္ဂအဖွဲ့အစည်းများ ဖွဲ့ခွင့် မပေးနိုင်သေးဟု အစိုးရ ပြောကြား

September 21, 2011 

အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂစတဲ့ လူမှု အဖွဲ့အစည်းတွေကို 
လက်ရှိ အခြေအနေအရ ဖွဲ့စည်းခွင့် မပေးနိုင်သေးဘူးလို့ အစိုးရသစ်က ပြောကြားလိုက်ပါတယ်။
အစိုးရသစ် ပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက ဒီလ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တစညပါတီရဲ့ တိုက်ကြီးမဲဆန္ဒနယ်က ကိုယ်စားလှယ် 
ဦးဥာဏ်ဆွေဝင်းရဲ့ အလုပ်သမား၊ လယ်သမား သမဂ္ဂအဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ မေးခွန်းကို 
ဖြေကြားစဉ် ပြောကြားလိုက်တာပါ။


Wednesday, September 21, 2011

လယ်ယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို အတည်ပြု


၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်။
တောင်သူ လယ်သမားတွေ လယ်ယပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ မနေ့က 
အတည်ပြုလိုက်ပြီ လို့ သိရပါတယ်။ ဒီဥပဒေမူကြမ်းမှာ ပါတဲ့ အရေးကြီးတဲ့ အချက်တွေနဲ့ 
ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ  ဒီမိုကရက်တစ် ပါတီ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ် ဦးရဲထွန်းက ဘီဘီစီကို ရှင်းပြပါတယ်။

အပြည့်အစုံသို့ >>>>>>>

အလုပ်သမားတွေ ဆန္ဒပြခွင့်ရတော့မှာ ဖြစ်ပေမယ့် နိုင်ငံဂေရးအကြောင်းပြမှု မဖြစ်စေရ


၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်။
အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ 
ပြီးခဲ့တဲံ သောကြာနေ့တုန်းက အတည်ပြုပေးလိုက်ပါတယ်။ အမျိုးသားလွှတ်တော်ကလည်း 
အတည်ပြုထားပြီးပြီဖြစ်လို့ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ဖို့ဘဲ 
ရှိတော့တယ်လို့ သိရပါတယ်။

Thursday, September 8, 2011

လယ်သိမ်းခံရသူများ စီမံကိန်းစိုက်ခင်းဖျက်မှုနှင့် အဖမ်းခံရ၍ အရေးဆို

September 7, 2011 

ပြင်ဦးလွင်မြို့နယ်မှာ လယ်အသိမ်းခံရတဲ့ ရွာသားတွေဟာ အစိုးရစီမံကိန်းစိုက်ခင်း 
ဖျက်ဆီးမှုအတွက် ဖမ်းဆီးခံရတာကို မကျေနပ်လို့ ကျန်ရွာသားတွေက မြို့နယ်ရဲစခန်းကို 
သွားရောက်ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။