Tuesday, January 31, 2012

ဖားကန့်-မိုးညှင်းလမ်းတွင် စစ်တပ်က ငွေကောက်


၃၀ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ကချင်ပြည်နယ် ဖားကန်-မိုးညှင်းလမ်းမကြီးပေါ်မှာ နယ်မြေခံတပ်မတော် တပ်ရင်း 
တခုက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က 
ပိတ်ထားခဲ့တဲ့ ဖားကန်လမ်းကို ပြန်ဖွင့်လိုက်ပြီးတဲ့နောက် အင်းတော်ကြီးကန်အနီး 
လုံးတုံကျေးရွာအခြေစိုက် တပ်ရင်း ၅၂၁ က ငွေကောက်ခံနေလို သွားလာရ 
ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ အလုပ်သမားအရေး ပိုတိုက်တွန်းနိုင်


၃၀ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
အိုင်အယ်လ်အို အမှုဆောင် ညွန်ကြားရေးမှူး Guy Ryder ဟာ မြန်မာနိုင်ငံကို ဇန်န၀ါရီ
၂၂ ကနေ ၂၈ အထိ တပတ်ကြာ သွားရောက်ခဲ့ပြီး မြန်မာအစိုးရ၊ အတိုက်အခံ နိုင်ငံရေး
ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အလုပ်သမားသမဂ္ဂ လှုပ်ရှားမှု
ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အလုပ်သမား ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ရွေရေနံ၊ ဂတ်စ်ပိုက်လိုင်း လုံခြုံရေးကျ အစိုးရတပ်များ လူ့အခွင့်အရေးချိုးဖောက်


၃၀ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
သျှမ်းပြည်မြောက်ပိုင်း ရွေရေနံ၊ ဂတ်စ်ပိုက်လိုင်း လုံခြုံရေးအတွက် နမ္မတူ၊ နောင်ချိုနှင့်ေ
ကျာက်မဲမြို့နယ်မှ အစိုးရတပ်များ ဒေသအတွင်း လူ့အခွင့်အရေး အမျိုးမျိုးချိုးဖောက်
နေကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

မြေလွတ်မြေရိုင်း ဥပဒေကြမ်း လွှတ်တော်မှာ ဆွေးနွေး


၃၀ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ဒီကနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မြေလွတ်မြေရိုင်း ဥပဒေကို အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်းတွေမှာ လက်ရှိ လုပ်ကိုင်နေကြတဲ့
တောင်သူတွေကို အကာအကွယ် ပေးမယ့်ဥပဒေနဲ့ မြေလွတ်မြေရိုင်း လျှောက်ထားပိုင်ခွင့်
တို့နဲ့ပတ်သက်ပြီး အပြီးသတ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။