Wednesday, February 29, 2012

ရခိုင်လူမျိုး တည်တံ့ရေး အတွက် သမိုင်းဝင်တိုင်များ စိုက်ထူထားရာ ရွှေတောင် ငွေတောင်ကို ဖြိုပြီး ကျောက်ထုတ် သဖြင့် ရွာသားများ ကန့်ကွက် ဆန္ဒပြ


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရခိုင်လူမျိုးများ ရာသက်ပန် တည်တံ့ရေး အတွက် အေဒီ ၇၉၂ ခုနှစ်တွင် မြောက်ဦး
နန်းတည် ဘုရင်မင်းစောမွန်စိုက်ထူခဲ့သော ရက္ခုံးတိုင်များတည်ရှိရာ မြေပုံမြို့နယ်မှ
ရွှေတောင် ငွေတောင်ကို ကျောက်ထုတ်လုပ်ရန် ဖြိုဖျက်သဖြင့် ကျေးရွာသားများက 
ဝိုင်းဝန်းဆန့်ကျင် ဆန္ဒပြ ကန့်ကွက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

လွိုင်ကော်တွင် ပထမဆုံးအကြိမ် အလုပ်သမား အခွင့်အရေးဆိုင်ရာ သင်တန်း ပို့ချ


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ကရင်နီလူငယ်အဖွဲ့ကဦးဆောင်ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာအမြင်ဖွင့် သင်တန်းကို 
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ပထမဦးဆုံးအကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည် အတိုင်းအတာနဲ့ဆိုရင် 
အများကြီးအမြင်ဖွင့် ပေးဖို့ လိုပါအုံးမယ်။ သူတို့မှာ ဘယ်လို အခွင့်အရေးတွေ ရှိနေတယ်။ 
ဘယ်လို ကျင့်သုံးလို့ရနေတယ်ဆိုတာကို အများကြီးချပြဖို့ လိုနေပါသေးတယ်။ အခု 
ကျနော်တို့က ဥပဒေကို ပြန်သုံးသပ်ပြီး အခွင့်အရေးတွေ ထောက်ပြတော့ သူတို့ တော်တော် 
အံ့သြတယ်လို့ အလုပ်သမားအခွင့်အရေးဆိုင်ရာ သင်တန်းဆရာချိန်ခွင် က ပြောပါတယ်။

မြ၀တီ၊ သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယလမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည်


၂၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
အရှေ့အာရှ စီးပွားရေးစင်္ကြံ၏ အဓိကလမ်းအစိတ်အပိုင်းဖြစ်သော မြ၀တီ-သင်္ကန်းညီနောင်၊
ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ 
ရက်ပေါင်း ၈၄၀ အတွင်း အပြီး တည်ဆောက်ဖောက်လုပ်ရန်နှင့် မကြာမီရက်ပိုင်း၌ စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆောက်လုပ်ရေးဌာနမှ သိရှိရသည်။

၅၀၀၀ တန် ဖုန်းရရှိရေး လှုပ်ရှားသူများ စစ်ဆေးခံရ


၂၉ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ၇၀ ရပ်ကွက် အတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ 
ရရှိရေး လှုံ့ဆော်သူ ၁၁ ဦးကို ဒေသ အာဏာ ပိုင်များက ခေါ်ယူစစ်ဆေး
မေးမြန်းမှုများ ပြုခဲ့ကြောင်း သတင်းရရှိသည်။နောင်ဒါမျိုး မလုပ်ပါဘူးဆိုပြီး 
ဝန်ခံကတိထိုးခိုင်းတယ်။ ကျနော်တို့က မထိုးနိုင်ဘူးပေါ့။ နောက်မှ မြို့နယ်မှူးနဲ့ 
စခန်းမှူးရောက်လာ တော့ ဒါက လုပ်ခွင့်တင်ပြီးမှ လုပ်ရမယ်ပြောတာ၊ နိုင်ငံသား
တယောက်အနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုပိုင်ခွင့်ရှိတယ် ဆိုတာ
ပြောတော့ နောက်ပိုင်း ဒီအတိုင်း ပြန်လွှတ်ပေးလိုက်ပါတယ်ဟု လှုပ်ရှားမှု 
ဦးဆောင်သည့် ကိုထင်ကျော်က ပြောသည်။

အာဏာပြလွန်းသည့် အထက်အရာရှိကို ရတနာပုံဝန်ထမ်းများ တိုင်


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ ရတနာပုံ 
တယ်လီပို့ ကုမ္ပဏီ ၀န်ထမ်း ၈၄ ဦးက ဌာနအကြီးအကဲ တဦး၏ ရိုင်းပျစွာ
ပြောဆိုဆက်ဆံမှုနှင့်အာဏာသုံး အလုပ်ရွှေ့ပြောင်း မှုများကို မကျေနပ်သည့် 
အတွက် ၀န်ကြီးဦးသိန်းထွန်း ထံသို့ ယမန်နေ့က စုပေါင်း လက်မှတ်ရေးထိုး 
တိုင်ကြား ထားကြောင်း သတင်းရရှိသည်။