Monday, April 30, 2012

စက်ရုံစွန့်ပစ်ရေများကြောင့် ကျေးရွာများတွင် ထိခိုက်နစ်နာမှုများအပေါ် စုပေါင်းတိုင်ပင်


၃၀ရက် ဧပြီလ ၂၀၁၂ခုနှစ်
မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာများ ဖြစ်ကြသော သံတံတားကျေးရွာ၊ စိန်ရွှေကုန်းကျေးရွာ၊ 
ဝက်ကြီးကျေးရွာ၊ သန္ဓေပင် တောင်ပိုင်းကျေးရွာတို့မှ ရွာသူရွာသားများစုဝေး၍ အနီးဝန်းကျင်မှ 
စက်ရုံအလုပ်ရုံများမှ စွန့်ပစ်ရေများ၊ ဓာတုပစ္စည်းများ အနံ့အသက်များနှင့် ပတ်သက်၍  
ရပ်ကွက်သူရပ်ကွက်သားများ၏ ထိခိုက်နစ်နစ်မှုများအပေါ် ကျန်းမာမှ အလုပ်လုပ်နိုင် 
မည်ဟူသော ခေါင်းစဉ်ဖြင့် ထိခိုက်နစ်နာမှုကြုံတွေ့ရသည်များကို ရင်ဖွင့်ပြောဆိုကြသည်။

မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒပြမည်


၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ပရ၀ဏ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် 
ဆိုင်ခန်းပေါင်း ၃၈၀ ကျော်မှ ဆိုင်ခန်းပိုင်ရှင်များသည် ဘုရားကြီး ဂေါပကအဖွဲ့၏ 
ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံသည့်ကိစ္စကို မကျေနပ်သဖြင့် ဧပြီလ ၃ ရက်နေ့နှင့်
မေလ ၁ ရက်နေ့များတွင် မဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်း စီတန်းလှည့်လည် 
ဆန္ဒပြမည်ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ပြန်လည်ဖွဲ့စည်းမည်


၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်ဖွဲ့ဖြစ်သာ ဆွေးနွေးသွားနိုင်ရန်
ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ကို ပြန်လည်ဖွဲ့စည်း
သွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စက်မှု ၂ ၀န်ကြီးဌာနရုံးတွင် ယနေ့နေ့လည် 
၁ နာရီက ပြုလုပ်သောသတင်း မီဒီယာသမားများနှင့် တွေ့ဆုံပွဲ၌ ရထားပို့ဆောင်ရေး 
ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။

စီးပွားရေး ဆိုက်ရောက်ဗီဇာ ရမည်


၂၉ရက် ဧပြီလ ၂၀၁၂ခုနှစ်
စီးပွားရေး ဗီဇာအား ဆိုက်ရောက်ဗီဇာအဖြစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ပေးအပ်သွားမည်
ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဦးခင်ရီက နေပြည်တော်ရှိ 
စက်မှု ၂ ၀န်ကြီးဌာနရုံးတွင် ယနေ့နေ့လည် ၁ နာရီ၌ ပြုလုပ်သော သတင်းမီဒီယာသမား
များနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ဥရောပ သမဂ္ဂ မြန်မာ့စိုက်ပျိုးရေး အဓိက ကူညီမည်


၂၈ရက် ဧပြီလ ၂၀၁၂ခုနှစ်
ဥရောပ သမဂ္ဂအနေနှင့် မြန်မာနိုင်ငံကို အကူအညီ ယူရိုသန်း ၁၅၀ ပေးအပ်သွားမည်ဖြစ်ပြီး 
စိုက်ပျိုးရေး ကတွင် အဓိကထား အကူအညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့
ရောက်ရှိနေသော ဥရောပသမဂ္ဂမှ မူဝါဒ အကြီးအကဲ ကတ်သရင်အဲရှ်တန်က ပြောကြားလိုက်သည်။