Sunday, May 26, 2013

အမေရိကန်- မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများတွင် အလုပ်သမားအခွင့်အရေးများအတွက် ထည့်သွင်းစဉ်းစားမှုကို ထောက်ခံကြိုဆိုကြောင်း ထုန်ပြန်ကြေညာချက်

AFFM ဥက္ကဌ ဦးသန်းဆွေ အီတလီနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ကြိုတင်) ဥက္ကဌ ဦးသန်းဆွေသည် အီတလီနိုင်ငံ Perugia မြို့၌် ကျင်းပသော ၂၀၁၃ ခုနှစ် မေလ ၂၈ရက်နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပသော FAI CISL (အီတလီနိုင်ငံ စိုက်ပျိုးရေး၊ စားသောက်ကုန်၊ သဘာဝပါတ်ဝန်းကျင်နှင့် စက်မှုအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်) ၏ နိုင်ငံလုံးဆိုင်ရာ ပဉ္စမအကြိမ်မြောက် အထွေထွေ ညီလာခံကို တက်ရောက်ရန် အတွက် မေလ ၂၇ ရက်နေ့ မနက် ၅နာရီတွင် ထွက်ခွာမည်ဖြစ်သည်။ ထိုမှ တဆင့် ILO ညီလာခံသို့ တက်ရောက်ရန် အတွက်ဂျီနီဗာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Wednesday, May 22, 2013

အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိဆွေးနွေးမှု အောင်မြင်ခြင်း

အမှတ်(၆၉၊၇၈)၊ ပြင်စည် မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ရှိ East Growth အထည်ချုပ်စက်ရုံ တွင် အလုပ်သမားများသည် အခြေခံအလုပ်သမားအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် လုပ်အားခတိုးမြှင့်ရေးအတွက် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးခဲ့သည်။ ရှားပါးစရိတ် ၂၀၀၀၀ ကျပ် တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်ဘက်မှ ၁၈၀၀၀ ကျပ် လိုက်လျောပေးခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် နှစ်ဦးသဘောတူစာချုပ် ရေးထိုးခဲ့ပါသည်။အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျောပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

Monday, May 13, 2013

ဘိုဆန်းပိုက်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂများအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း

ဘိုဆန်းပိုက်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂများအဖွဲ့ကို မေလ ၁၁ရက်နေ့တွင် လှိုင်သာယာမြို့နယ် စုပေါင်းရုံးကော်မတီတွင် လူဦးရေ (၆၀) ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

Friday, May 10, 2013

ITUC နှင့် FTUB တို့ ပူးတွဲကျင်းပသော စည်းရုံးရေး နည်းပညာသင်တန်း

၂၀၁၃ ခုနှစ် မေလ ၉ရက်နေ့မှ ၁၂ ရက်နေ့အထိ စည်းရုံးရေးနည်းပညာသင်တန်းအား ITUC- မြန်မာရုံးမှ ဒါရိုက်တာ Nakajima နှင့် ITUC မြန်မာရုံးမှအကြီးတန်း ပေါ်လစီရေးရာမန်နေဂျာ Dr.Min Nyo တို့ လာရောက်သင်ကြားပြသပေးခဲ့ပါသည်။ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့တွင် သင်တန်းအား FTUM မှ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်မည်။ သင်တန်းတွင် သင်တန်းသား/ သူ ဦးရေ (၂၀) တတ်ရောက်ခဲ့ပါသည်။ 9th - 12th May 2013

Thursday, May 2, 2013

၂၀၁၃ခုနှစ် မေလ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကျင်းပစဉ်

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကျင်းပသောလှိုင်သာယာအောင်မြေသာယာ ဘောလုံးကွင်းတွင် ကျင်းပသော မေဒေးနေ့အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှအရာရှိများနှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၀န်ကြီးများကြွရောက်၍ နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမား စုစုပေါင်း ၄၀၀၀ ကျော်ခန့် တတ်ရောက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ မေဒေးနေ့ အခမ်းအနား

၂၀၁၃ ခုနှစ် မေလ ၁ရက်နေ့မေဒေးနေ့ အခမ်းအနားအား လှိုင်သာယာမြို့နယ်တွင် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများမှ ခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့(ILO)မှ နည်းပညာအကြံပေးအရာရှိနှင့် ဇနီး၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဝန်ကြီးဌာနမှ ၀န်ကြီးများ တတ်ရောက်အမှာစကားပြောကြားခြင်းနှင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ အခြေခံအလုပ်သမားသမဂ္ဂများ၏ ဖျာ်ဖြေမှုများ။ တေးသံရှင်အဆိုတော်လေးများမှ လာရောက်ဖျော်ဖြေမှုများ ဖြင့် ပရိတ်သတ်များအား ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေပွဲသို့ အလုပ်သမား (၄၀၀၀) ခန့် တတ်ရောက်ခဲ့ကြပါသည်။