Monday, June 16, 2014


ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်း

၂၀၁၄ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီနှင့် Care International Myanmar တို့ပူးပေါင်း၍ လှိုင်သာယာသင်တန်းကျောင်းတွင် ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး သင်တန်းသို့ သင်တန်းသား/သူစုစုပေါင်း (၂၈) ဦး (ကျား-၄ ဦး၊ မ -၂၄ ဦး) တက်ရောက်ခဲ့ပါသည်။


 "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄
(103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏
 ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ"

(၂၀၁၄ခုနစ်၊ ဇွန်လ၊ (၉)ရက်နေ့)


၂၀၁၄ခုနစ် ဇွန်လ (၉)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)သည် "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄ (103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ " အား FTUMရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)သည် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (၂၀၁၄) (103rd International Labour Conference 2014) ညီလာခံအား၂၀၁၄ခုနစ်၊ မေလ(၂၈)ရက်မှ ဇွန်လ(၁၂)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ 

ထိုညီလာခံကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် ပတ်သတ်၍ အကြောင်းအရာများအား FTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မှ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ရှင်းလင်းတင်ပြခဲ့ရာ သတင်းမီဒီယာများမှ အမေးအဖြေကဏ္ဍတွင် မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ FTUMအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် သတင်းဌာနမီဒီယာ(၁၈)ခု မှ စုစုပေါင်း
(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သော သတင်းဌာနမီဒီယာများမှာ DVB, 7 Day News, Democracy Newspaper, Myanmar News Network, အတွေးသစ်, Myanmar News Agency, The New light of Myanmar (English), Trade Times, Envoy , Myawaddy, Kumudra Journal, Model Journal, Popular News, The Farmer, The Voice, Kamayut Media, The Pyi Myanmar နှင့် RFA တို့ ဖြစ်ကြပါသည်။

News of U Maung Maung's interview about ILC Congress


 
 ......................................

အလုပ်သမား အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်မည်

အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို ဒီဇင်ဘာလမှာ သတ်မှတ်မယ်လို့ အလုပ်သမားဝန်ကြီှးဌာနက ဒုဝန်ကြီး ဦးထင်အောင်က ပြောဆိုလိုက်ပါတယ်။ 

ထိုသတင်းကို အောက်ပါလင့်တွင် ကြည့်ရူနိုင်ပါသည်။ (၂၀၁၄ခုနစ်၊ ဇွန်လ၊ (၂)ရက်နေ့ ရိုက်ကူး နေဖြိုးဝင်း၊ အောင်ကြီး DVB TV)

ဗီဒီယိုဖိုင့် ကြည့်ရူရန်

မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း

၂၀၁၄ ခုနှစ်၊ ဇွန်လ (၀၂) ရက်နေ့တွင် ILO အလုပ်အမှုဆောင်အဖွဲ့ (Governing Body) အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ILO ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၁ နှစ်တွင် ၃ ကြိမ်ပြုလုပ်ပါသည်။
မတ်လ၊ ဇွန်လ နှင့် နိုဝင်ဘာလများတွင် ပြုလုပ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ILO ၏ မူဝါဒများကို ဆုံးဖြတ်ပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) ၏ အစည်းအဝေးအစီအစဉ်များကို ဆုံးဖြတ်သည်။ ညီလာခံတွင် တင်သွင်းမည့် အစီအစဉ်များနှင့် ရ/သုံးငွေစာရင်းများကို ဆုံးဖြတ်ပါသည်။ ထို့နောက် ILO ၏ ညွှန်ကြားရေးမှူးချုပ် Director General ကို အလုပ်အမှုဆောင်အဖွဲ့မှ ရွေးကောက်တင်မြှောက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့ကို အဓိက ကိုယ်စားလှယ် (Titular member) ၅၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၄ ဦး၊ အလုပ်သမား ၁၄ ဦး) နှင့် လက်ထောက်ကိုယ်စားလှယ် (Deputy Member) အဖွဲ့ဝင် ၆၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၉ ဦး၊ အလုပ်သမား ၁၉ ဦး) တို့ဖြင့် ဖွဲ့စည်းပါသည်။ တီကျူလာအဖွဲ့ဝင် ၅၆ ဦးတွင် အစိုးရ ကိုယ်စားလှယ်နေရာ ၂၈ ဦး ရှိရာ ၁၀ နေရာကို စက်မှုထွန်းကားသည့်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အိန္ဒိယ၊ အီတလီ ၊ ဂျပန် ၊ ရုရှား ၊ ယူကေ နှင့် အမေရိကန် နိုင်ငံ ) ၁၀ နိုင်ငံရှိ အစိုးရများမှ အမြဲတမ်း ရရှိပါသည်။ အခြားနိုင်ငံအစိုးရများအနေဖြင့် ကျန်ရှိသည့် နေရာများကို ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက်ရပါသည်။
အလုပ်ရှင်ကိုယ်စားလှယ်များကို အလုပ်ရှင်များမှ ရွေးကောက်တင်မြှောက်ပြီး အလုပ်သမားကိုယ်စားလှယ်များကို အလုပ်သမားများမှ ရွေးကောက်တင်မြှောက်ပါသည်။

အရံကိုယ်စားလှယ် (Substitute member) ၆၆ ဦးကိုလည်း ရွေးချယ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် (၃) နှစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သည် လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးရှိ အလုပ်သမားကိုယ်စားလှယ် ၁၉ တွင် အရွေးချယ်ခံခဲ့ရပါသည်။ မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။

ယခုနှစ် ILC ညီလာခံ တွင် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၂၇ မဲရှိပါသည်။ ဦးမောင်မောင်အနေဖြင့် ၉၈ မဲ ရရှိခဲ့ပါသည်။

 FTUM အနေဖြင့် အသိပေးတင်ပြပါသည်။

Saturday, June 14, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ မောင်ကုန်းသကြားစက်ရုံတွင် ၂၀၁၄ခုနစ်၊ မေလ၊ ၃၁ရက်နေ့၌ လူဦးရေ (၂၇၉)ဦးပါဝင်သော အခြေခံသမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းခဲ့သည်။  မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)မှ စည်းရုံးရေး ဦးအေးချိုမှ သွားရောက်ကူညီခဲ့သည်။

U Aye Cho organizer from FTUM went over to Sagaing region on May 31st 2014 to help form workers union of Maung Kone Sugar Mill from Htee Kyaing township where (279) peoples participated.