
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of Trade Unions Myanmar (FTUM)သည် မြန်မာပြည်သူ တရပ်လုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမှု တရား မျှတရေးနှင့် အလုပ်သမား သမဂ္ဂများ မြန်မာပြည်တွင် ပြန်လည်ပေါ်ထွန်းလာရေးအတွက် (FTUM) ကို စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
Int' Trade Un Trip To Bur
Tuesday, August 30, 2011
လွှတ်တော်များ ပြည်သူ့အကျိုး မဖော်ဆောင်နိုင်သေးဟု FTUB ဝေဖန်
29-Aug-2011
နယူးဒေလီ(မဇ္ဈိမ) ။ ။ လွှတ်တော် အစည်းအဝေးတွင် တိုင်းပြည်အတွက် အရေးကြီးပြီး
အများပြည်သူ သိရန်လိုသည့် အစိုးရ အသုံးစရိတ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသည့်
ဆောင်ရွက်ချက်များ မရှိသဖြင့် လူထု အကျိုးဖော်ဆောင်နိုင်မည့် လွှတ်တော်တရပ် မဟုတ်ကြောင်း
ပြည်ပအခြေစိုက် အတိုက်အခံ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB က ဝေဖန်လိုက်သည်။
Monday, August 29, 2011
Friday, August 26, 2011
ထိုင်းရောက်မြန်မာတို့ နေ့တွက်ခ တိုးရမည်လော
ထိုင်းနိုင်ငံ အလုပ်သမားတဦး၏ အနည်းဆုံး နေ့တွက်ခ အဖြစ် ဘတ် ၃၀၀ (၁၀ ဒေါ်လာ) ပေးရန်
သတ်မှတ်မည့် အစီအစဉ်ကို ထိုင်းဝန်ကြီးချုပ်က အတည်ပြုခဲ့သည့်တိုင် မြန်မာပြည်သား အလုပ်သမားတို့
အကျိုးခံစားခွင့် ရဦးမည်မဟုတ်ဟု အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ခန့်မှန်းနေကြသည်။
ဒေါ်လာဈေး ပြန်တက်သဖြင့် ဆန်တင်ပို့မှုပြန်စ
အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ (Export Earning) စသည့် ငွေကြေးလဲလှယ်မှုနှုန်းများ
ကျဆင်းနေရာမှ ပြန်လည်မြင့်တက်လာ သည့်အတွက် ဧည့်မထဆန်ဈေးလည်း မြင့်တက်ကာ
ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည် စတင်ပြီဖြစ်ကြောင်း သိရသည်။
အသေးစား ချေးငွေ အတွက် အများကြီး လုပ်ဖို့လို
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်။
မြန်မာနိုင်ငံမှာ လယ်သမားတွေကို စိုက်ပျိုးစားရိတ်ရဖို့အတွက် အသေးစားချေးငွေတွေ တိုးချဲ့
ထုတ်ပေးဖို့ စီစဉ်နေပေမယ့် တနိုင်ငံလုံး လိုအပ်ချက်ရဲ့ ၁၀ ရာနှုန်း လောက်ကိုသာ
ထုတ်ချေး နိုင်သေး တယ်လို့ အဲဒိလလုပ်ငန်း တွေအတွက် ၀န်ဆောင်မှုပေးနေတဲ့ PACT Myanmar အဖွဲ့
ဒါရိုက်တာ ဦးမောင်မောင်က ဘီဘီစီကို ပြောပါတယ်။
လိုင်စင်သိမ်းခံ ရှေ့နေများ လိုင်စင် ပြန်ရရေး လျှောက်ထားကြမည်
2011-08-24
မြန်မာနိုင်ငံမှာ နိုင်ငံရေးထဲ ပါဝင်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့အပြင် လိုင်စင်တွေပါ ရုပ်သိမ်းခံရတဲ့
တရားရုံးချုပ်ရှေ့နေ (၂၁) ဦးက နှစ်ပေါင်းများစွာ အပိတ်ခံထားရတဲ့ ရှေ့နေအဖြစ် အသက်
မွေးဝမ်းကျောင်းခွင့်ကို ပြန်ပြီး ခွင့်ပြုပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ကို တင်ပြလျှောက်ထားဖို့
စီစဉ်နေတယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)