Saturday, December 31, 2011
ရွှေ့ပြောင်း အလုပ်သမားများထံမှ အိမ်ပြန်စရိတ်ကောက်ခံမည့်ကိစ္စ ရွှေ့ဆိုင်းရန်ရှိ
၃၀ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
မြန်မာ၊ လာအိုနဲ့ ကမ္ဘေ္ဘာဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေဆီကနေ ထိုင်းအစိုးရက  
အိမ်ပြန်စရိတ် ရန်ပုံငွေ ကောက်ခံရေး အစီအစဉ် ဆက်မလုပ်ဘဲ ရပ်ထားဖို့ ရှိတယ်လို့ 
သိရပါတယ်။ နေရပ်ပြန် စရိတ် ရန်ပုံငွေ ကောက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့
ထိုင်းအလုပ်သမားဝန်ကြီးဌာနက  ထိုင်းအစိုးရ ၀န်ကြီးများ အစည်းအဝေးမှာ ဇန်န၀ါရီ
၃ ရက်နေ့ တင်သွင်းမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာအလုပ်သမားတွေကြားက အာဆီယံမူးယစ်ဆေး (ရုပ်သံ)
Friday, December 30, 2011
ပဲခူးတိုင်းခရိုင်းမြို့နယ် မြေစာရင်းရုံးမှ အရာရှိ ကြီးငယ်၊ ၀န်ထမ်းများ ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက် လာဘ်ငွေတောင်းမှုများ (ပေးစာ)
၂၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
နိုင်ငံတော်အစိုးရမှ ပြည်သူ့ဝန်ထမ်းများအား အဂတိလိုက်စားမှုများ မပြုလုပ်ရန် တားမြစ်
ဆောင်ရွက်နေချိန်တွင် ပဲခူးတိုင်း၊ ခရိုင်မြို့နယ် မြေစာရင်းရုံးမှ အရာရှိကြီးငယ်ဝန်ထမ်းများသည်
ပြည်သူလူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်နှိပ်စက် လာဘ်တောင်းယူမှုများ လုပ်ဆောင် 
နေကြောင်း အသိပေးတိုင်ကြားလိုပါသည်။
ဖားကန့်  ရေမဆေးကျောက်သမားများ ဖမ်းဆီးခံရ
၂၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ကချင်ပြည်နယ် ဖားကန့်​ ​ကျောက်တွင်းဘက်မှာ ကျောက်တူးသမားတွေကို အာဏာပိုင်​တွေက 
လိုက်လံ​ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ​ ​ဝေခါမှော်သစ်ကုန်း​ ​ကျောက်စိမ်းတွင်းမှာ​ ​မြန်မာတကောင်း 
ကုမ္ပဏီခေါ် ဟုန်ပန်း​ ကုမ္ပဏီရဲ့ ကျောက်တူးဖော်ရေး လုပ်ကွက်က စွန့်ပစ်​ ​မြေစာပုံထဲကနေ
အဖိုးတန်​​ ​ကျောက်တလုံးကို​ ​ရေမဆေး ကျောက်ရှာသမားတွေက ရှာဖွေရရှိသွားတာကို 
ကုမ္ပဏီက နယ်မြေခံ စစ်တပ်နဲ့ပေါင်းပြီး လာရောက် သိမ်းသွားရာက ပြဿနာ စတင်တဲ့
အ​ကြောင်း​ ​ဒေသခံ ကျောက်ကုန်သည်တဦးက ပြောပါတယ်။
မုတ္တမ သဘာဝဓါတ်ငွေ့ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ
၂၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။        ။ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် 
မုတ္တမပင်လယ်မှ ထပ်မံတွေ့ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်းရန် 
ထိုင်းနိုင်ငံက မြန်မာနှင့် လာမည့်နှစ်ဆန်းတွင် စာချုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး
ဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန် က ပြောသည်။
အပြည့်အစုံသို့ ----- 
မြန်မာလူနာများအတွက် မဲဆောက်တွင် ဆေးရုံအသစ် ဆောက်မည်
၂၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
မြ၀တီတဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာလူနာတွေအတွက် ကျန်းမာရေး  
စောင့်ရှောက်မှုပေးဖို့ ဆေးရုံသစ်တခု တည်ဆောက်မယ်လို့ မဲဆောက်မြို့တော်ဝန်ရုံးက
ပြောပါတယ်။ မဲဆောက်မြို့တော်ဝန်ဌာန အတွင်းရေးမှူးက “မြူနီစီပယ်ဧရိယာထဲမှာ
ထိုင်းတွေရော နိုင်ခြားသားတွေရော အထူးသဖြင့် မြန်မာနိုင်ငံသားလူနာဆိုရင် တနေ့
အယောက် ၅၀၀ ထက်မနည်းဘူးဗျ။ အတော်လေးကိုများတယ်။ အဲဒီတော့ နေ့စဉ်
ရောက်လာတဲ့ လူနာတွေကို လက်ခံစစ်ဆေးကုသဖို့က မဲဆောက်ဆေးရုံတခုနဲ့ 
မလုံလောက်ဘူး။ 
ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
၂၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ထိုင်း ​ဝန်ကြီး​ချုပ် မြန်မာနိုင်ငံ သွား​ရောက်ခဲ့​ပြီး​နောက် ထိုင်း​ကုမ္ပဏီ​တွေက မြန်မာနိုင်ငံမှာ 
အသင်း​က နိုင်ငံတကာ စီး​ပွား​ရေး​ မြှင့်​တင်​ရေး​ အရာရှိ ဆူရာနရတ်က ​ပြောပါတယ်။
Thursday, December 29, 2011
အလုပ်သမားအရေး စိတ်အေးရတော့မလား (ရုပ်သံ)
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည်
၂၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဆည်တစ်ခု  
တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရေအားလျှပ်စစ်ထုတ်ယူမည့်
ဆည်ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် 
ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd  မှ တည်ဆောက်သွားမည်
ဖြစ်သည်ဟု သိရှိရသည်။
သယံဇာတ တန်းတူသုံးစွဲခွင့်ပေးရန် ရခိုင်ပါတီတောင်းဆို
၂၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
လူထုလှုပ်ရှား​မှုတခု ပြုလုပ်ဖို့​ စီစဉ်​နေတယ်လို့​ သိရပါတယ်။ ရခိုင်ပြည်နယ်ကထွက်တဲ့ 
သယံဇာတတွေကို ရခိုင်ပြည်နယ်သားတွေ ခံစားပိုင်ခွင့်နဲ့ ပတ်သက်လို့ လာမယ့် ဇန်န၀ါရီ 
၁ ရက် နှစ်ဆန်း တစ်ရက်နေ့မှာ လူထုစည်းဝေးပွဲတစ်ခု ကျင်းပပြီး ပြည်သူတွေကို ရှင်းပြဖို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) က စီစဉ်နေတာပါ။
ထိုင်းနိုင်ငံ ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်သူ ရွေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ မြန်မာများဖြစ်ပြီး ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ မပြန်လိုတော့ကြောင်း သိရှိရ
၂၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ထိုင်းနိုင်ငံတွင် ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်လာသူ ရွှေ့ပြောင်းလုပ်သားများအား 
စစ်တမ်းကောက်ယူရာ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ ကရင်ပြည်နယ်ဒေသခံများဖြစ်ပြီး 
စက်တင်ဘာလ ၈ ရက်နေ့မှ စတင် တည်ဆောက်လျက်ရှိသော ဘားအံစက်မှုဇုန်ပြီးစီးပါက
အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်၍ ရွှေ့ပြောင်းလုပ်သား 
အများစုအနေဖြင့် ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း စုံစမ်းသိရှိရသည်။