Activities


ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်း

၂၀၁၄ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီနှင့် Care International Myanmar တို့ပူးပေါင်း၍ လှိုင်သာယာသင်တန်းကျောင်းတွင် ကျား/မ လူမှုရေးရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အသိပညာပေးသင်တန်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး သင်တန်းသို့ သင်တန်းသား/သူစုစုပေါင်း (၂၈) ဦး (ကျား-၄ ဦး၊ မ -၂၄ ဦး) တက်ရောက်ခဲ့ပါသည်။







..........................................

FTUM Sunday Activity ( May 27,2014)

On 2014 May 25th East Growth Garment Factory Basic workers Unions re-elected Executive Members at Hlaing Tha Yar Training Center. This meeting attended by over (300) workers of it factory.








 ................................
FTUM Sunday Activity ( May 11,2014)
FTUM every Sunday is holding regular meetings with Union Members, conducting
training it’s relation and links with all the Union members and new workers who come to FTUM Training Center at Hlaing Tharyar Townships. And this Sunday May 11th 2014 they held a meeting and the discussion was based on IndustriALL.
- မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)သည် လိုင်သာယာရုံးတွင် အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အစည်းအဝေးပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်၍ သမဂ္ဂအဖွဲ့ဝင်များနှင့် အစဉ်မပြတ် တွေ့ဆုံဆွေးနွေးခဲ့ရာ ယခုအပါတ် တနင်္ဂနွေနေ့ (May 11,2014)တွင်လည်း IndustriALLဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသည်။
Then the General Secretary of FTUM Mr. Maung Maung held a pre meeting before his trip to Bangkok, regarding the formation of a federation in the Industrial Zone Sector which will also enable to join IndustriALL. Later reports were read from Union members and the lawyer from FTUM explained to the Union Members the requirements necessary for Employee Contract between Employers and workers. A total of 11 unions consisting of 57 members participated.
- ဦးမောင်မောင် (အထွေထွေ အတွင်းရေးမှူးး)သည် ဘန်ဘောက်မြို့သို့ အစည်းအဝေးတတ်ရောက်ရန်အတွက် စက်မှုကဏ္ဍမှ အဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေးနှင့် စက်မှုအဖွဲ့ချုပ်အား IndustriALL တွင် အဖွဲ့ဝင် ဖြစ်မြောက်ရေးဆိုင်ရာအကြောင်းအရာများအား သမဂ္ဂအဖွဲ့ဝင်များနှင့် အကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုနောက် FTUMအဖွဲ့ချုပ် အဖွဲ့ဝင် သမဂ္ဂအမှုဆောင်များမှ အပါတ်စဉ် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးမူများ၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် (EC)ဆိုင်ရာ သိလိုသည့်အကြောင်းအရာများအား FTUMမှ ရှေ့နေမှ ရှင်းလင်းဆွေးနွေးမူ များ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် သမဂ္ဂအဖွဲ့ပေါင်း (၁၁)ဖွဲ့မှ အဖွဲ့ဝင် (၅၃)ဦးတို့ တတ်ရောက် ဆွေးနွေးခဲ့ကြသည်။


 
Basic Trade Union Training on Magway Region Aung Lan Township
အခြေခံအလုပ်သမားသမဂ္ဂသဘောတရားသင်တန်း 


On 10th May 2014, FTUM organizers Ms. Phyo Sandar Soe, Ms. Su Mar and Mr. Min Min Latt trained the Basic Trade Union for workers of No.1 Steel Rolling Mill Basic Workers Union, Yone Seik Manufacturing Basic Workers Union and Du Yin Bo Sugar Mill Basic Workers Unions. This training was attended by 42 participants (Male- 38 persons, Female- 4 persons).
ြ- မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)၏ စည်းရုံးရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး၊ ဒေါ်စုမာနှင့် ဦးမင်းမင်းလတ်တို့သည် ၂၀၁၄ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ အမှတ်(၁) သံမဏိစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ရုံးဆိပ် မီးခံအုတ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် ဒုရင်္ဂဗိုသကြားစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းများမှ အလုပ်သမားများအား “အခြေခံအလုပ်သမားသမဂ္ဂသဘောတရားသင်တန်း” ကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား (၃၈) ဦး၊ သင်တန်းသူ (၄) ဦး စုစုပေါင်း (၄၂) ဦး တို့တက်ရောက်ခဲ့ပါသည်။







 ...........................................

ဥပဒေအထောက်အကူပြုသင်တန်း Legal Training by AFFM, Daik U Township 
မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) နှင့် Asian Farmers’ Association ( AFA )တို့မှ ပူးတွဲ၍ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့မှ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအား ဥပဒေအထောက်ကူပြုသင်တန်းကို ၂၀၁၄ခုနှစ်၊ မတ်လ၊ (၂၀-၂၁) ရက်နေ့တွင် ဒိုက်ဦးမြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ အခြေခံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ (၃၀) ဖွဲ့မှ တက်ရောက်သူစုစုပေါင်း (၃၁) ဦးရှိပြီး လယ်ယာမြေဥပဒေ/နည်းဥပဒေ၊ မြေလွတ် မြေလပ် မြေရိုင်းဥပဒေ/ နည်းဥပဒေ၊ လယ်ယာမြေစီမံခန့်ခွဲရေး ဥပဒေများအား လက်တွေ့မြေရှင်းနည်းများကို သင်ကြား ပို့ချခဲ့ပါသည်။ 



ဥပဒေအထောက်အကူပြုသင်တန်း

မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် Asian Farmers’ Association ( AFA )တို့မှ ပူးတွဲ၍ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သန်လျင်မြို့နယ်နှင့် က၀မြို့နယ်ရှိ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအား ဥပဒေအထောက်ကူပြုသင်တန်းကို ၂၀၁၄ခုနှစ်၊ မတ်လ၊ (၁၄-၁၅) ရက်နေ့တွင် ခရမ်းမြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပသင်တန်းသို့ တက်ရောက်သူစုစုပေါင်း (၃၀) ဦးရှိပြီး လယ်ယာမြေဥပဒေ/နည်းဥပဒေ၊ မြေလွတ် မြေလပ် မြေရိုင်းဥပဒေ/နည်းဥပဒေ၊ လယ်ယာမြေစီမံခန့်ခွဲရေး ဥပဒေများအား လက်တွေ့မြေရှင်းနည်းများကို သင်ကြားပို့ချခဲ့ပါသည်။

.......................................................
  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပညာပေး ဟောပြောပွဲ
(၂၀၁၄ခုနစ်၊ မတ်လ (၉)ရက်နေ့)

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)အမျိုးသမီး ကော်မတီသည်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်ပညာပေး ဟောပြောပွဲအား လိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင် ကျင်းပ။ (၂၀၁၄ခုနစ်၊ မတ်လ (၉)ရက်)

၎င်းပညာပေးဟောပြောပွဲတွင် FTUM မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နှင့် အမျိုးသမီးကော်မတီ ဥက္ကဌ ဒေါ်မေသဇင်တို့မှ အမှာစကား ပြောကြားပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းသည် အမျိုးသမီးများ ခေါင်းဆောင်မူ စွမ်းရည် မြင့်မားတိုးတက်လာစေရန်၊ အမျိုးသမီးများ အလုပ်အကိုင်တိုးပွားလာစေရန် နှင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးရန်
ကြိုးပမ်းသင့်ကြောင်း ဟောပြောခြင်း၊မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များ အသင်း(MWEA) ၏ တွဲဘက် အတွင်းရေးမှူး (၁) ဒေါ်ခင်လေးမှ စွမ်းဆောင်ရှင် အမျိုးသမီးများ ပေါ်ထွက်လာရေးနှင့်ပတ်သတ်၍ ဟောပြောခြင်း၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လူငယ် အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးမှ သမဂ္ဂနှင့် အမျိုးသမီးများအခန်းကဏ္ဍ အားဟောပြောခြင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်း (MWCDF) ၏ ဗဟိုအလုပ်အမူဆောင် ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ဝင့်ဝင့်ထက်လှိုင်မှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက်ရှိရင်ဆိုင်နေဖြေရှင်းနေရသော အမျိုးသမီးများ၏ အခက်အခဲများနှင့် ပတ်သတ်၍ သမဂ္ဂများ ဖွဲ့စည်းကာ စုပေါင်းတောင်းဆို ညိုနှိုင်းဖြေရှင်း နိုင်ရန်ကိစ္စရပ်များ ဟောပြောခြင်း၊ဒေါက်တာ စစ်နိုင်(Care Myanmar)မှ အမျိုးသမီးကျန်းမာရေးနှင့်စပ်လျဉ်း၍ ဟောပြောခြင်းနှင့်
 မြန်မာရုပ်ရှင်အစည်းအရုံးမှအကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်မှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများဘ၀အကြောင်းအား ဟောပြောခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လိုင်သာယာအလုပ်သမားမြို့နယ်ရုံးမှ အလုပ်သမားအရာရှိများ၊ FTUMအဖွဲ့ဝင် အလုပ်သမား၊ လယ်သမားသမဂ္ဂအဖွဲ့ပေါင်း (၃၂)ဖွဲ့မှ လူဦးရေ (၂၇၀)ယောက် တတ်ရောက်ခဲ့ကြသည်။

"Public speech of International Women Day Ceremony "

On 9th March, 2014 FTUM Women Committee celebrated International Women Day Ceremony at KaNaung Hall in HlaingThaYar Township. U Maung Maung General Secretary of FTUM and Daw May Thazin President of Women Committee gave the opening and welcome speech. On this occasion (6) distinguished guest who participate gave this speech on International Women Day. They were Daw Win Maw Tun Deputy Minister - Labour, Employment and Social Security,Daw Khin Lay Joint Secretary (1) , Myanmar Women Entrepreneurs' Association(MWEA), Academy Swe Zin Htike Secretary/ Int'l Relation Committee, Myanmar Motion Picture Organization, Daw Wint Wint Htet Hlaing Executive member of Myanmar Women and Children Development Foundation, Daw Phyo Sandar Soe Secretary of Youth Committee – FTUM, Dr. Sid Naing. A total number of 270 people attended the occasion which included officials from Labour office, worker from the factories and 32 Union.



 
 
 
 








.............................................
(၆)ကြိမ်မြောက် အခြေခံစည်းရုံးရေးနည်းပညာ သင်တန်း (FTUM Organizer Training) ၂၀၁၄ခုနစ်၊ ဖေဖော်ဝါရီလ (၂၅-၂၈)ရက်နေ့ 
 
အပြည်ပြည်ဆိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)နှင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)တို့ ပူးတွဲပြုလုပ်သော (၆)ကြိမ်မြောက် အခြေခံစည်းရုံးရေးနည်းပညာ သင်တန်း (FTUM Organizer Training) အား မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)ရုံးချုပ် သင်တန်းခန်းမတွင် ၂၀၁၄ခုနစ်၊ ဖေဖော်ဝါရီလ (၂၅-၂၈)ရက်နေ့များတွင် ပြုလုပ်ကျင်းပခဲ့သည်။ ၄င်းသင်တန်းတွင် သမဂ္ဂအဖွဲ့ဝင် (၁၆)ဦး တတ်ရောက် ဆွေးနွေးခဲ့ရာ ခိုင်မာသော အလုပ်သမားသမဂ္ဂ တည်ဆောက်ခြင်း(Building a Strong Union)၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေများ တင်ပြဆွေးနွေးခြင်း (Labour Organization Law/Rules)၊ အမျိုးသမီးနှင့်အလုပ်သမားသမဂ္ဂ
(
Union and Women )၊ စသည့် သမဂ္ဂဖွဲ့စည်းရေးဆိုင်ရာအကြောင်းအရာများကို တစ်ဦးချင်းသော်လည်းကောင်း အုပ်စုခွဲ၍သော် လည်းကောင်း
လက်တွေ့ဆောင်ရွက် ဆွေးနွေးခဲ့ကြသည်။

 
 
 
 
 
 
 
 
 
 
 
   ............................. 

တမူးမြို့နယ်ရှိ အိမ်တွင်းအလုပ်သမားများအားသင်တန်း ပို့ချခြင်း 
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)မှ ၂၂-၂-၂၀၁၄ ရက်နေ့တွင် အိမ်တွင်းအလုပ်သမား (၂၅)ဦးသာတက်ရောက်နိုင်ခဲ့ပါသည်။ သင်တန်းပို့ချရာတွင်
FTUM အကြောင်းရှင်းပြခြင်း၊ ILO အကြောင်းမိတ်ဆက်ခြင်း၊ အခြေခံအလုပ်သမား သမဂ္ဂအကြောင်းမိတ်ဆက်ခြင်း၊ အိမ်တွင်းအလုပ်သမားများ၏ တွေ့ကြုံရသည့်အခက်အခဲများအား အဖွဲ့ခွဲ၍ ဆွေးနွေးစေခြင်းများနှင့် ILO ပြဌါန်းချက်အမှတ် (၁၈၉)အား ပို့ချခဲ့ပါသည်။ 



........................................
အမေရိကန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(American Federation of Labor and Congress of Industrial Organizations) (AFL–CIO) နှင့် စာပေ၊ စာနယ်ဇင်းနှင့် ပုံနိုပ်အလုပ်သမားသမဂ္ဂ အဖွဲ့သားများ (JPPWU) သည် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FTUM) ရုံးချုပ်တွင် စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတတ်ရေးအား တွေ့ဆုံဆွေးနွေး၊ ၂၀၁၄ခုနစ်၊ ဖေဖော်ဝါရီလ၊ ၂၄ရက်



.........................................

 မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUM)ရုံးချုပ်တွင်
The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) နှင့် 

စားသောက်ကုန်ကဏ္ဍမှ အခြေခံအလုပ်သမားသမဂ္ဂများ ဖြစ်ကြသော Coca-Cola Pinya Beverges Myanmar Co.ltd Workers Organization, Myanmar Golden Star Beverages Co,Ltd Factory Workers Organization များနှင့် တွေ့ဆုံဆွေးနွေးခြင်း။
၂၀၁၄ခုနစ်၊ ဖေဖော်ဝါရီလ၊ ၂၃ရက်နေ့
 
 
 ................................................
အလုပ်သမားသမဂ္ဂလူပ်ရှားမူနှင့်စုပေါင်းတောင်းဆိုမူသဘောတူညီချက်ဆိုင်ရာသင်တန်း၊
Training on Trade Union Activities and Collective Bargaining Agreement,

2014, (22-23),Feb
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)သည် ၂၀၁၄ခုနစ်၊ ဖေဖော်ဝါရီလ 

(၂၂ -၂၃)ရက်နေ့တွင် ဂျပန်နိုင်ငံ JTUC (Rango)မှ Ms. Ichikawa (Research Department )သည် FTUMရုံးချုပ် သင်တန်းခန်းမ၌ အလုပ်သမားသမဂ္ဂများအဖွဲ့ဝင်(၂၅)ဦးနှင့် တွေဆုံကာ (၂၂)ရက်နေ့တွင် အလုပ်သမားသမဂ္ဂများ ဒီမိုကရေစီ နည်းကျ စီမံခန့်ခွဲခြင်းနှင့် အဖွဲ့အစည်းကို ကြံ့ခိုင်အောင် ပြုလုပ်ခြင်း၊ အခြေခံတွင် အလုပ်သမား သမဂ္ဂများ လှုပ်ရှားမှုနှင့် အလုပ်သမား သမဂ္ဂ ဒီမိုကရေစီအကြောင်းအရာများ သင်တန်းပို့ချဆွေးနွေးခဲ့သည်။
(၂၃)ရက်နေ့တွင် စုပေါင်းတောင်းဆိုမှု သဘောတူညီချက် အကြောင်းအရာ၊ လုပ်ငန်းခွင်ဘေးအန္တရယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအကြောင်းအရာ၊ ဂျပန်နိုင်ငံ သတ္တု၊ စက်မှုနှင့် ကုန်ထုတ်အလုပ်သမားသမဂ္ဂ၏ လှုပ်ရှားမှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။


.............................
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) အဖွဲ့ဝင် သမဂ္ဂများ နှင့် CARE Myanmar တို့ လိုင်သာယာသင်တန်းကျောင်းတွင် တွေ့ဆုံ ဆွေးနွေးခြင်း
ဖေဖော်ဝါရီလ၊ (၁၆)ရက်၊ ၂၀၁၄ခုနစ်
FTUM မှ သမဂ္ဂအဖွဲ့ဝင်များအား CARE Myanmarနှင့် တွေ့ဆုံမိတ်ဆက်၍
သမဂ္ဂအဖွဲ့ဝင်များမှ လက်ရှိ အလုပ်ရှင်နှင့်အလုပ်သမား ဆက်ဆံရေး အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ တတ်ရောက်သူဦးရေ (၁၆၀)ယောက် ဖြစ်သည်။



...................................

Basic Trade Unions Training at Hkamti,Naga Self-administraed Zone

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( FTUM)မှ ဒုဥက္ကဌ ဦးသန်းလွင်၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ဦးဆောင်သော FTUMအဖွဲ့သားများသည် (၉.၂.၂၀၁၄) တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ခန္ဓီးမြို့တွင် တောင်သူ၊လယ်သမားနှင့်စိုက်ပျိုးရေး အခြေခံအလုပ်သမား အဖွဲ့အစည်းများအား အခြေခံသမဂ္ဂသဘောတရားသင်တန်း သွားရောက်ပို့ချခဲ့ရာ ဒေသဆိုင်ရာ ဥက္ကဌ၊နာယက၊အတွင်းရေးမှူးနှင့် နာဂလူမျိုးစုခေါင်းဆောင်များ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ သင်တန်းသူ/သားဦးရေ (၆၂)ယောက် တတ်ရောက်ခဲ့သည်။

On  12th February 2014, FTUM led by Vice President U Than Lwin and General Secretary U Maung Maung of FTUM paid a visit to Agriculture & Farmer Basic Worker Unions of HKAMTI Township, Naga Self-administrated Zone in Sagaing Region where they held training on  Basic Trade Unions. A total of 62 attendees were present during this course.

 
 
 

.................................

On 13th February, 2014 FTUM visited the factory of an Union Member of MDWC in Mandalay which is an affiliate of Federation of Trade Unions Myanmar.
They were lad on a tour by factory in-charge U Kyaw Nyein and workers showing the precaution taken for the safe working conditions in the factory.


.......................................
Legal Training
22nd,23rd January 2014


Introduction of participants and Object of the activity  
U  Maung Maung 

   Trainer 
 Jeffrey Scott Vogt

Where
FTUM Training Room

-------------------------------------

Dagon Port, Yangon region AFFM organizing actitvities
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၀၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တောင်သူလယ်သမားများ၏ လယ်ယာမြေနှင့် ပါတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို (၇၄၂) ဂရံကွင်း၊ မထားစုကျေးရွာတွင်ပြုလုပ်ခဲ့ပါသည်။




Meeting for Unions in ITF Sector
2014 Jan 5 / Sunday
A coordination meeting was hosted by FTUM for unions who were FTUM affilaites and also non FTUM from the Transport and Cargo handling sectors. A total of 16 unions ( Yangon, Bago, Mon, Mandalay, Sagaing ) participated. The meeting was held at the FTUM Training Center in Hlaingtharyar.

Discussion
1. Introducing one another.
2. MMTU introducing the ITF - International Transport Workers federation to the attendees.
3. FTUM Gen Sec initiating the idea of forming ITF Myanmar from amongst the transport unions and the cargo handling unions.
4. MMTU introducing the Flag of Convinience FOV camapign.





........................................... 
Coca-Cola Pinya Beverages Myanmar Co.ltd Union briefing on Industrial All trng and receiving of full registration at FTUM trng center၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၂ရက်။ အဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသော လှိုင်သာယာသင်တန်းကျောင်းတွင် Coca-Cola အချိုရည်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဌ မှ အပြည်ပြည်ဆိုင်ရာ စက်မှုဇုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ သင်ကြားပို့ချသော သင်တန်းအတွေ့အကြုံနှင့် အလုပ်သမားသမဂ္ဂမှတ်ပုံတင် ရရှိခြင်းအပေါ် ရှင်းလင်းမှု ပြုလုပ်ခြင်း။
........................................
Pictorial activities (Report) of the Ftum Myanmar , Sept 2012 - December 2013: growing membership through union's organising and education programs — at NTUC Auditorium @ One Marina Boulevard.

.................................................... 

၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ တောင်သူလယ်သမားများအား လွတ်လပ်သော၊ အလုပ်သမား၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
၎င်းဆွေးနွေးပွဲသို့တောင်သူလယ်သမားလူဦးရေ စုစုပေါင်း (၄၅၀) ခန့်{ကျား(၃၅၀)၊ မ (၁၀၀)} တက်ရောက်ပြီး ကျေးရွာပေါင်း (၅၇) ရွာနှင့် အခြေခံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့အစည်းများ၊ Natural Clay အုတ်ကြွပ်မိုးစက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း၊ မှော်ဘီမြို့နယ် လူသုံးကုန် အလုပ်သမားအဖွဲ့အစည်း၊ မနီဆေးထိုးအပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း T.I အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း တို့ တက်ရောက်ခဲ့ကြသည်။







...............................................................


..............................................................
၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ လှိုင်သာယာမြို့နယ်ရှိ အဖွဲ့ချုပ် သင်တန်းကျောင်းတွင် သမဂ္ဂများလှုပ်ရှားမှုများ
 



- North Shore အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်သမား (၂)ဦးအား အလုပ်ထုတ်လုပ်သည့်အပေါ် စက်ရုံအလုပ်သမား ၁၁၅ ဦး အစည်းအဝေးပြုလုပ်ခဲ့သည်။
- Hall Mark အထည်ချုပ်စက်ရုံ အလုပ်သမားများ သမဂ္ဂဖွဲ့စည်းရန်အတွက် ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
- မြို့နယ် လူသုံးကုန် ပလပ်စတစ် အလုပ်သမားအဖွဲ့အစည်း မြို့နယ်အဆင့် မှတ်ပုံရရှိခြင်းအပေါ် လုပ်ငန်းများ အတွက် ဆွေးနွေးခြင်းနှင့် ရုံးခန်းဖွင့်ရန်ဆွေးနွေးခြင်း 
................................................................. 


Sunday Acivites ( 2013 Nov 03 )
FTUM - Hlaingtharyar Training Center











-------------------------------------------------------------------------
2010 Nov 24 Organizing Strategies (Eng-Bur) [Compatibility Mode]



2012 Mar 26 Introduction to Collective Bargaining [Compatibility Mode]


2012 Mar 27 Freedom of Association and Protection of the Right to Organize Convention, 1948 [Compatibility ...


2012 Mar 28 Negotiating & Collective Bargaining at Enterprise Level [Compatibility Mode]


2012 Mar 29 Using the Supervisory System to Ensure and Protect Workes' Right [Compatibility Mode]


Regulating Employment Relationships for Decent Work [Compatibility Mode]


Supervisorymchanisms[1]


The Committee on Freedom of Association [Compatibility Mode]


Challenges for Trade Unions [Compatibility Mode]


Introduction to International Labour Standard System Mae Sot [Compatibility Mode]