Showing posts with label employment opportunity. Show all posts
Showing posts with label employment opportunity. Show all posts

Monday, November 26, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် NLD မှ အရေးကြီးအဆို တင်သွင်းမှုကို ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး ပြန်လည်ရှင်းလင်းပြီး လွှတ်တော်က အဆိုကို အတည်ပြု



25 Nov 2012
လက်ရှိလုပ်ဆောင်နေသော  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍  
အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် 
 ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆိုတစ်ရပ်ကို NLD ပါတီမှ နိုဝင်ဘာလ ၂၃  
ရက်နေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်  အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး လွှတ်တော်က  
အဆိုကို အတည်ပြုခဲ့သည်။

Thursday, February 16, 2012

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော


၁၅ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန်
ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်
ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် 
အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း
ပြောဆိုသွားခြင်း ဖြစ်သည်။

Monday, February 6, 2012

အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


၅ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ စက်မှုဇုန်အသီးသီးက အလုပ်သမား 
တရာကျော်တို့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်၊ 
ဟိတကာရီ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

Sunday, December 25, 2011

အမျိုးသမီးတွေ ပြည်ပထွက် အလုပ်လုပ်နိုင်ပြီ

၂၄ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
အမျိုးသမီးတွေ ပြည်ပ ထွက်ပြီး အလုပ်လုပ်ကိုင်တာကို တရားဝင်ခွင့်ပြုပါပြီ တဲ့။ အိမ်ဖော်၊
ဖျော်ဖြေရေး၊ သန့်ရှင်းရေး လိုမျိုး အလုပ်တွေကိုတော့ ခွင့်မပြုဘူး လို့ ဆိုတယ်။ နိုင်ငံအရေ
အတွက်ကိုလည်း ကန့်သတ်ထားပါတယ်။ထိုင်း၊ မလေး၊ စင်ကာပူကိုပဲ ခွင့်ပြုမယ်လို့ ဆိုတယ်။