Tuesday, May 12, 2015

On Mar 9, 2014,Pre-Departure Training for Migrant Workers Organized by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးသင်တန်း

On May 9, 2015, Pre-Departure Training for Migrant Workers Organized by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးသင်တန်း 
( ၂၀၁၅ခုနစ်၊ မေလ၊ ၉ရက်နေ့)
၂၀၁၅ခုနစ်၊ မေလ၊၉ရက်နေ့တွင်ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊မင်းတဲကျေးရွာ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင်ဖြစ်ကြသော မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM),CTUMရွှေ့ပြောင်းအလုပ်သမားဌာနတို့ပူးပေါင်း ဆောင်ရွက် သော ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေး သင်တန်း  ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုသင်တန်းသို့ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) ပဲခူးတိုင်းဥက္ကဌဦးတင့်လွင်မှအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။သင်တန်းဆရာ/မများအနေဖြင့်CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှ ဒေါ်ထွေးထွေးသိန်း မှထိုင်းနိုင်ငံရှိအလုပ်သမားဥပဒေများအားလည်းကောင်း၊ဦးဟိန်းလတ်(AFFM)မှမလေးရှားနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားအကြောင်းနှင့် တရားဝင်၊ တရားမ၀င် သွားရောက်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမား၏ အလုပ်လုပ်ခွင့်လက်မှတ်နှင့် ပါတ်ပို့များအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

CTUM အဖွဲ့ချုပ်၏ Migrant ဌာနအနေဖြင့် ထိုင်းသို့ သွားရောက်လုပ်ကိုင်တော့မည့်အလုပ်သမားများ ဆက်သွယ် ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနှင့် ဆွေးနွေးညှိနိုင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ထိုသင်တန်းသို့ ပဲခူးတိုင်း၊ ဒိုက်ဦးမြိ့နယ်မှ သင်တန်းသား စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။






ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်

ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်
By ထွန်းထွန်းမင်း May 11, 2015
ကေအင်န်ယူတပ်ဖွဲ့ဝင်များ ရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထည်ချုပ်လုပ်ငန်း၌ ရင်းနှီးမြှုပ် နှံရန် စီစဉ်နေကြောင်း ကေအင်န်ယူ ရန်ကုန်စီးပွားတာဝန်ခံကပြောသည်။
‘‘နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားရင် တပ်ဖွဲ့ဝင်တွေ ရပ်တည်ဖို့အတွက် စီးပွားရေးတွေ လုပ်ဖို့ စီစဉ်နေတာပါ။ အခုတပ် ဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ဖို့ ရည်ရွယ်ထားတယ်။ အထည်ချုပ်လုပ်ငန်းက တစ်ပိုင်းအပါအ၀င်ပါ’’ဟု ကေအင်န်ယူ ရန်ကုန်စီးပွားတာဝန်ခံ ဗိုလ်မှူးမိုက်ကယ်ကပြောသည်။
အထည်ချုပ်လုပ်ငန်းအတွက် ကရင်ပြည်နယ်နှင့် ရန်ကုန် မြို့ မြောက်ဒဂုံတို့တွင် လုပ်ကိုင်ရန်စီစဉ်ထားပြီး ပထမဦးဆုံး စက်ရုံနှစ်ခု တည်ဆောက်ထားသည်ဟု ဆိုသည်။ မြေနေရာများမှာ ကေအင်န်ယူတပ်ဖွဲ့ပိုင်မြေနေရာများ ဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်သာ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်း အောင်မြင်ကျယ်ပြန့်လာမှသာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးအတွက် ကျပ် သန်း ၁၀၀ မ,တည်မည်ဖြစ်ပြီး ယင်းအနက်မှ အထည်ချုပ်လုပ်ငန်းအတွက် ထုတ်ယူသုံးစွဲမည်ဟု ဗိုလ်မှူးမိုက်ကယ်ကပြောသည်။ အထက်ပါစက်ရုံနှစ်ခုတွင် လုပ်သား ၃,၀၀၀ ခန့် အလုပ်အကိုင်ရရှိမည်ဟု မျှော်မှန်းထားသည်ဟုဆိုသည်။
အထည်ချုပ်လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိထားပြီး ကေအင်န်ယူဗဟိုကော်မတီက မည်သည့်နေရာတွင် အကောင်အထည်ဖော်မည်ကို နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကေအင်န်ယူသည် အထည်ချုပ်လုပ်ငန်းအပါအ၀င် သတ္တု၊ ခရီးသွားလုပ်ငန်းများအတွက် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
‘‘ကေအင်န်ယူက ကရင်လူမျိုးတွေအတွက် အဓိကအားထားစရာဖြစ်လာမှာပါ။ ရန်ကုန်မှာ လုပ်တာထက် ကရင်ပြည်နယ်မှာ လုပ်စေချင်တယ်။ ကရင်ပြည်နယ်က အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတယ်’’ဟု မြ၀တီ မြို့မှ ကိုစောလွင်ကပြောသည်။

တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက်

တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက် On May 11, 2015 - AP

တရုတ် ဗဟိုဘဏ် (တရုတ် ပြည်သူ့ဘဏ်)က ဘဏ်ချေးငွေ အတိုးနှုန်းများ လျှော့ချပေးလိုက်ခြင်းကြောင့် မေ ၁၁ ရက်တွင် အာရှ စတော့ဈေးကွက်၌ တရုတ် ရှယ်ယာများ တန်ဖိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဘဏ်ချေးငွေ အတိုးနှုန်းများကို တရုတ် ဗဟိုဘဏ်က လျှော့ချ သတ်မှတ်ခြင်းသည် ခြောက်လအတွင်း တတိယ အကြိမ်မြောက်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်မှုက ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသည့် နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် မြင့်တက်လာမှုကို ပြန်လည် ရှင်သန် အားကောင်းလာစေမည်ဟု မျှော်လင့်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များက အကျဘက် ဦးတည်လာကြောင်း တွေ့ရှိပြီးနောက် တရုတ် ဗဟိုဘဏ်က ယခုခြေလှမ်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ဆောင်မှုက အာရှ စတော့ဈေးကွက်တွင် တရုတ်၏ ရှယ်ယာတန်ဖိုးများ မြင့်တက်စေရန် သက်ရောက်မှု ရှိလာစေခဲ့သည်။
ဂရိနိုင်ငံ၏ လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်စွမ်း မရှိသေးခြင်းကြောင့် ဥရောပ ရှယ်ယာ တန်ဖိုးများမှာမူ အကျဘက် ဦးတည်ခဲ့ကြောင်းလည်း သိရသည်။
_Ref: AP

Training for the Municipality Workers

Training for the Municipality Workers 
၂၀၁၅ခုနစ်၊ မေလ (၈-၉)ရက်နေ့ 

၂၀၁၅ ခုနှစ်၊ မေလ (၈-၉) ရက်နေ့များတွင် ဂျပန်နိုင်ငံ Sanitation Worker’s Society For Human Rights အဖွဲ့အစည်းမှ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှ အလုပ်သမားများအတွက် တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် သင်တန်းတစ်ခုပြုလုပ်ခဲ့ပါသည်။ ၄င်းသင်တန်းသို့ မြို့နယ် (၉) မြို့နယ်မှ သင်တန်းသား (၃၃) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဂျာပန် နိုင်ငံသမဂ္ဂ၏ တစ်နေ့တာ အလုပ်ချိန် (၈) နာရီ လုပ်ငန်းခွင်အတွေ့အကြုံများကို ပြန်လည် ဝေမျှပေးခြင်း၊ မြန်မာနိုင်ငံ၏ စည်ပင်ဝန်ထမ်းများ၏ တွေ့ကြုံနေရသော အခက်အခဲများ၊ ကျန်းမာရေး၊ လုပ်ငန်းခွင်၊ ခွင့်ရက်၊ ရပိုင်ခွင့်များကို ဆွေးနွေးပေးခဲ့ပါသည်။
 



 

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM သည် ၂၀၁၅ခုနစ် မေဒေးနေ့အခမ်းအနားကို လိုင်သာယာမြို့နယ်၊ အောင်မြေသာယာဘောလုံးကွင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။