Showing posts with label news. Show all posts
Showing posts with label news. Show all posts

Sunday, March 11, 2012

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဆန္ဒပြတောင်းဆိုမှု အခြေအနေနှင့် အခြေခံအလုပ်သမားသမဂ္ဂ(ယာယီ) ဖွဲ့စည်းရေးအတွက် သတင်းစာရှင်းလင်းပွဲ

၁၁ရက် မတ်လ ၂၀၁၂ခုနှစ်
တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဆန္ဒပြတောင်းဆိုမှု အခြေအနေနှင့် အခြေခံအလုပ်သမားသမဂ္ဂ(ယာယီ) ဖွဲ့စည်းရေးအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ အမ်သရီး စားသောက်ဆိုင်တွင် ယနေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ အခြေခံအလုပ်သမားသမဂ္ဂ (ယာယီ) အလုပ်အမှုဆောင်အဖွဲ့ တိုင်ရီအလုပ်သမား ခေါင်းဆောင် ဦးမျိုးမင်းသိန်း မှ ဦးဆောင်ကျင်းပခဲ့ပါသည်။ 
သတင်းစာရှင်းလင်းပွဲကို စာနယ်ဇင်းတိုက်မှ သတင်းသမားများ၊ ၈၈ ကိုယ်စားလှယ် ကိုမျိုးအောင်လှိုင်၊ ကိုဇော်မင်း ၊ အလုပ်သမားအဖွဲ့အစည်း လယ်သမားရေးရာ အဖွဲ့အစည်းများ၊ သမဂ္ဂအဖွဲ့အစည်းများမှ အလုပ်သမားများ၊ ဗ က သ အဖွဲ့ဝင်များ၊ ဥပေဒအကြံပေးများ၊ နိုင်ငံရေးလောကမှ လူများတက်ရောက်ခဲ့ကြပါသည်။

Saturday, October 22, 2011

မြန်မာတွေကို နာကျင်စေမည့် တရုတ်၏ ပိုက်လိုင်းသွယ်တန်းမှု...


Thursday, October 20, 2011
ကိုယ့်ပြည်သူများ အသုံးပြုရန် မဟုတ်သည့် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ဖိုးရှိသည့် ကိုယ်ပိုင် အရင်းအမြစ်များစွာ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြေပုံအလယ်ပိုင်းမှ ဖြတ်၍သွယ်တန်းထားသည့် အငြင်းပွားဖွယ်ရာ လောင်စာဆီနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ရန်မီးစ ပွားနေသည့် လက်နက်ကိုင်ပဠိပက္ခ ဖြစ်ပွားနေသည့်နေရာများပါ ဖြတ်သန်းသွားမည် ဖြစ်သဖြင့် အဆိုပါ ပိုက်လိုင်းသည် အိမ်နီးခြင်း တရုတ်ပြည်၏ စွမ်းအင်လုံခြုံမှုအား ခြိမ်းခြောက်နေသည်ဟု လှုပ်ရှားတက်ကြွသူများက ဆိုပါသည်။

Friday, October 21, 2011

ဘန်ကောက်မြို့ရေဘေးဒုက္ခသည်များအတွက် (FTUB) အရေးပေါ်ကယ်ဆယ်ရေးကော်မတီ တရပ်ဖွဲ့စည်း

၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၁ ရက်။
FTUB

ထိုင်းနိုင်ငံမြောက်ပိုင်းမှ စီးဆင်းလာသော ရေထုကြောင့် ၂၀၁၁ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်၍ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ပေါင်း ၃၀ ကျော်တွင် ရေကြီးနေသည်ဟု သိရှိရပါသည်။ အဆိုးဆုံးဒေသများမှာ အယုဒ္ဓယ၊ ပထုံဌာနီ၊ နခွမ်းစ၀မ် ဒေသများဖြစ်ပြီး ထိုဒေသတွင် အလုပ်လုပ်ကိုင်နေသာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးရန်အတွက် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) မှ အရေးပေါ်ကယ်ဆယ်ရေးကော်မတီ တရပ်ကို ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်သမားကဒ်များ အစရှိသော စာရွက်စာတမ်းများကို များသောအားဖြင့် အလုပ်ရှင်များမှ သိမ်းဆည်းပေးထားတတ်ပါသည်။ ယခု ရေကြီးသောအခါ အလုပ်သမားများ၏ အထောက်အထားစာရွက်စာတမ်းများ အစုလိုက် အပြုံလိုက် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ရှိနေပါသည်။ အချို့စာရွက်စာတမ်းကိုင်ဆောင်ထားသူများအနေဖြင့် သက်တမ်းကုန်ဆုံးခြင်း သတင်းပို့ရမည့် ရက်ကျော်လွန်ခြင်း တို့အပေါ် စိုးရိမ်သောကရောက်သူများလည်း ရှိပါသည်။
ထိုသို့ စာရွက်စာတမ်းများ၊ ရက်လွန်သော အလုပ်သမားများအနေဖြင့် ထိုင်းရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။
အချို့အလုပ်သမားများမှာ အလုပ်ရှင်မှ စာရွက်စာတမ်းများကို သိမ်းဆည်းထားသဖြင့် ၄င်းတို့၏ စာရွက်စာတမ်းများဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ရေဘေးလွတ်ရာသို့ နေရာရွှေ့ပြောင်းရမည်ကိုပင် စိုးရိမ်လျှက်ရှိနေပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်များသည် ထိုင်းလူဝင်မှုကြီးကြပ်ရေးသို့ (၃) လတကြိမ် အကြောင်းကြားရပါသည်။ ရေကြီးနေသည့်အတွက် အလုပ်သမားများ မသွားမလာနိုင်ဘဲ အကြောင်းမကြားနိုင်ဖြစ်နေသည့်အတွက် ထောက်ခံချက်လုပ်ပေးရန်လိုပါသည်။
ဤကိစ္စများကို ဖြေရှင်းပေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ ကြိုတင်အကြောင်းကြားထားခြင်းကို FTUB အရေးပေါ်ကယ်ဆယ်ရေးကော်မတီမှ ဆောင်ရွက်ပေးနေပါသည်။ သက်ဆိုင်ရာ အာဏာပိုင်မှလည်း ရေဘေးဒုက္ခသည်များ၏ အထောက်အထားစာရွက်စာတမ်းများကိစ္စအား မှတ်ပုံတင်ထားသည့် နယ်မြေအလိုက် ယာယီအထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လာပါသည်။
ထို့အပြင် သက်ဆိုင်ရာ အာဏာပိုင်များ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသည့် အလုပ်သမားများအား စားစရာ၊ အ၀တ်အစားများနှင့် ထိုင်းရေဘေးကယ်ဆယ်ရေး စခန်းများနှင့် ဆယ်သွယ်ပေးခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးနေပါသည်။
ရေဘေးကြောင့် အရေးပေါ်ရွှေ့ပြောင်းရ၍ ကွဲကွာနေသော မိသားစုများအား ပြန်လည်စုစည်းနိုင်ရေး အတွက်လည်း ဆက်သွယ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

အရေးပေါ်ကယ်ဆယ်ရေးကော်မတီသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ 0811036375 ၊ 0811036417 ဖြစ်ပါသည်။

Thursday, June 9, 2011

ဖားရိုက်ထွက်တဲ့ သားအဖ သုံးယောက်ကို မြန်မာစစ်တပ်က ပစ်ခတ်


၂၀၁၁ခုနှစ် ဇွန်လ(၈)ရက်

ရှမ်းပြည်တောင်ပိုင်း ကွန်းဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲက ဒေသခံ သားအဖ သုံးယောက် ဖားထွက်ရိုက်ရင်း ရွာမှာကင်းလှည့်နေတဲ့ မြန်မာအစိုးရ စစ်တပ်ကတပ်သားက သေနတ်နဲ့ ပစ်လိုက်လို့ အဖေဖြစ်သူ ပွဲချင်းပြီး သေးဆုံးသွားပြီး သား ၂ယောက်က ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ရှင်ကာလိမြို့နယ်ခွဲ ရပ်ကွက် (၆)က အသက်၄၀ ကျော် စိုင်းတိဟာ ဆယ်ကျော်သက် အရွယ်ရှိတဲ့သူ့သား ၂ယောက်နဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညမှာမိုရွာလို့ဆိုပြီး ရွာအရှေ့ဘက်က ရေစပ်တွေမှာ ဖားထွက်ရိုက်ရင်း  ရွာအနီး တစ်ဝိုက်မှာ ကင်းလှည့်နေတဲ့ ကာလိ အခြေစိုက်က ခြေမြန်တပ်ရင်း ခမရ(၂၉၆)က တပ်သားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။

ဘုရားသုံးဆူ ပေါ်တာဆွဲ


ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ)        ထိုင်း-မြန်မာနယ်စပ် မွန်ပြည်နယ် ဘုရားသုံးဆူမြို့သို့ သေနတ်သမားများ တိုက်ခိုက်မှု ဖြစ်အပြီး နောက်တရက်တွင် လက်သည်ကို လိုက်လံရှာဖွေသော အစိုးရတပ်စစ်ကြောင်းက မြို့နယ်အတွင်းရှိ ရွာသားအချို့ကို ပေါ်တာဆွဲကာ အကာအရံအဖြစ်ပင် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။

အပြည့်အစုံသို့>>>>>>>