Saturday, December 28, 2013
မြန်မာနိုင်ငံရေး လောကမှ အထင်ကရ ပုဂ္ဂိုလ်များလေဘာယူနီယံဥက္ကဌ ဦးမျိုးညွှန့်
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်
ကိုလိုနီ ခေတ်ကရေနံမြေ အလုပ်သမားများဘက်မှ အမြဲထာဝစဉ်ရပ်တည်ခဲ့သူ
 လေဘာယူနီယံ ဥက္ကဌ အမည်မှာ ဦးမျိုးညွှန့်ဖြစ်သည်။ အလုပ်သမားများ
အကျိုးအတွက် နယ်ချဲ့အရင်းရှင် အစိုးရကိုယ်တိုင် ၀ါဏိဇ္ဇ ပဋိပက္ခ ဥပဒေကဲ့သို့သော 
ဥပဒေမျိုးပြဌာန်းခဲ့ရခြင်းပင်သည် လေဘာယူနီယံ ဥက္ကဌ ဦးမျိုးညွှန့် ၏
 ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်။
မျိုးရိုးဇာတိ
            ဦးမျိုးညွှန့်ကို ၁၂ ဇန်န၀ါရီ ၁၈၉၀ တွင်
 မန္တလေးမြို့ ဒေးဝန်းရပ်၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးမောင်မောင်ဘ
 နှင့် ဒေါ်မမတော်တို့ ဖြစ်ကြသည်။ ဖခင် ဦးမောင်မောင်ဘသည် မြန်မာဘုရင်လက်ထက်
 ဗြဲတိုက်သံတော်ဆင့် ဦးသက် ဒေါ်ချိုတို့၏ သား ဖြစ်ပြီး မိခင်ဒေါ်မမတော်မှာ 
အလုံမြို့ဝန်ဦးဖိုးကံ ဒေါ်မှိုနုတို့၏ သမီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဦးမျိုးညွှန့်သည် 
ဝန်စုမှူးစုမှ ပေါက်ဖွားလာသူ တဦးဟု ဆိုနိုင်ပါသည်။
ပညာသင်ဘဝ
            ဦးမျိုးညွှန့်သည် ငယ်စဉ်က မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဧ 
(ဘီတီအဲန်) အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ 
အထက်တန်းအထိ ပညာသင်ယူခဲ့ပြီးနောက် မိဘ များအလိုကျ
 မြို့အုပ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့သည်။ သို့သော် မူလကပင်
 မြို့အုပ်ရာထူးကို မမက်မောသူ ဦးမျိုးညွှန့်သည် သာသနာ့ဘောင် သို့
ရေနံချောင်းသို့
            ဦးမျိုးညွှန့်သည် အသက် ၂၅ နှစ် အရွယ် ၁၉၁၅ ခုနှစ်တွင်
 ရေနံချောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထို့နောက်အသက် 
၂၉ နှစ် အရွယ် ၁၉၁၉ ခုနှစ်တွင် ရေနံချောင်းမြို့မှ ရေနံတွင်းစားရိုးဦးမောင်မောင်ပု၊
 ဒေါ်ခင်စောလှတို့ သမီး မမကလေးနှင့် အိမ်ထောင်ပြုခဲ့သည်။
 သို့ကြောင့်လည်း ဦးမျိုးညွှန့် ကိုရေနံချောင်းဇာတိဟု အထင်ရှိကြခြင်း ဖြစ်ပါသည်။
            ဦးမျိုးညွှန့် ရေနံချောင်းတွင် အိမ်ထောင်ကျခဲ့သဖြင့် ရေနံမြေ 
အလုပ်သမားများနှင့် ပိုမိုနီးစပ်သွားသည် ဟုဆိုနိုင်ပါသည်။ မျိုးချစ်စိတ်ဓါတ်
 ပြင်းထန်သူဦးမျိုးညွှန့်သည် ရေနံမြေ အလုပ်သမားများ၏ ဘ၀ကို ကိုယ်ချင်းစာနာမိကာ
 အလုပ်သမားများအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
ရေနံမြေအလုပ်သမား အစည်းအရုံး
            ၃ ဧပြီ ၁၉၂၁ တွင် ရေနံချောင်းမြို့ ကျောက်စာရုံကျောက်တိုက်၌ ရေနံမြေ 
အလုပ်သမားအစည်းအရုံး (Burma Oil fields Labours’ Union) 
ကို စတင်တည်ထောင်လိုက်ပါသည်။ ယင်းလေဘာယူနီယံမှာ မြန်မာနိုင်ငံတွင်
ပထမဆုံးပေါ်ပေါက်လာသော အလုပ်သမားအသင်း အဖွဲ့ ဖြစ်ပြီး ဦးမျိုးညွှန့်က 
ဥက္ကဌ အဖြစ် ဆောက်ရွက်ခဲ့သည်။ လေဘာယူနီယံ 
အတွင်းရေးမှူးမှာ ဦးအေးမောင်(ရေနံချောင်း အမျိုးသားအထက်တန်း ကျောင်းအုပ်ဆရာကြီး)
 ဖြစ်ပါသည်။ အမှုဆောင်အဖွဲ့တွင် ဦးဆိုးတေ၊ ဦးတောင်ရိုး၊ ဦးထွန်းအေး၊ ဦးကြွက်၊ ဦးခင်၊ ဦးစိုးမင်း၊ 
ဦးကြာဇံ၊ ဦးပွကြီး၊ ဦးတင့်၊ ဦးမိုး၊ ဦးသာဇ၊ ဦးနှုံး၊ ဦးဘသန့်တို့ဖြစ်ကြသည်။ အများစုမှာ ရေနံမြေ 
အလုပ်သမားကြီးများ ဖြစ်ကြသည်။
ပထမအကြိမ်အလုပ်သမားကွန်ဖရင့်
            ရေနံမြေအလုပ်သမားယူနီယံကို စတင်တည်ထောင်ခဲ့ပြီးနောက်မရှေး
မနောင်းကာလ၌ပင် ပထမအကြိမ်ရေနံမြေအလုပ်သမား လှုပ်ရှားမှုကို စတင်ဖော်ဆောင်ခဲ့ကြသည်။
 ထီးဖြူရုံကြီးထိုးကာ အလုပ်သမား ၂၀၀၀ ကျော်ဖြင့် ကွန်ဖရင့်ကြီးကို ကျင်းပခဲ့ကြသည်။ 
ယင်းကွန်ဖရင့် တွင် ရေနံမြေ အလုပ်သမားများက အဆိုပေါင်း ၁၃၀ ကျော် 
တင်ပြတောင်းဆိုခဲ့ကြသည်။ ယင်းအဆိုများထဲတွင် တစ်နိုင်ငံလုံးနှင့် 
သက်ဆိုင်သည့် သဿမေဓအခွန်တော် (လူခွန်) တိုက်ဖျက်ရေးအဆိုလည်း ပါဝင်ခဲ့သည်။ 
သို့သော် ယင်းကွန်ဖရင့်၏ တောင်းဆိုချက်များကို အရင်းရှင် ရေနံကုမ္ပဏီများက အကြောင်းမပြန်ခဲ့ပေ။
ရေနံမြေသပိတ် အစ
            ၁၉၂၃ ခုနှစ်တွင် အလုပ်သမားထု စည်းဝေးရန်စီစဉ်နေစဉ် မကွေးဒိစတြိတ် 
ရာဇ၀တ်တရားသူကြီး တီလစ်စတာ (T.Lister) က လက်မှတ်ရေးထိုးကာ ပုဒ်မ ၁၄၄
 ထုတ်ပြန်လိုက်ပါသည်။ သို့ဖြင့် အလုပ်သမားများက မီးခိုးတိတ်
 သပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။ ယင်းသပိတ်တိုက်ပွဲသို့ ရေနံချောင်းရေနံမြေမှ
 သာမက ချောက်၊ စဥ့်ကူးရေနံမြေတို့ကပါ အလုပ်သမားများစုပေါင်းပါဝင်ခဲ့ကြသည်။
 ဘီအိုစီ ကိုယ်စားလှယ် မစ္စတာလန့်(စ်)က အလုပ်သမားများ သပိတ်မှောက်တော့
မည်ကြားသည်နှင့်ပင် လေဘာယူနီယံ ဥက္ကဌ ဦးမျိုးညွှန့်အား ငွေတသိန်း၊ 
သားစဉ်မြေးဆက် ရေနံကန်ထရိုက်လုပ်ငန်းနှင့် ကားတစ်စီးပေးမည်ဖြစ်ကြောင်း 
ကမ်းလှမ်းခဲ့သည်။ သို့သော် ဦးမျိုးညွှန့်က ယင်းကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ 
သို့ဖြင့် ရေနံမြေကို ခြေမနင်းရဟု နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။
မြေမနင်းတရားပွဲ
            ရေနံမြေကို ခြေမနင်းရဟူသော ဗြိတိသျှတို့၏ နယ်နှင်ဒဏ်ကြောင့် 
ဦးမျိုးညွှန့်က ရေနံမြေအလုပ်သမားများအား ရေနံချောင်းမြို့ 
စနေနံဆိပ်ကမ်း၌ စုဝေးစေပြီး သူကိုယ်တိုင်က မှု ဧရာဝတီမြစ်အတွင်း ဖောင်ပေါ်မှ 
ရပ်ကာ တရားဟောခဲ့သည်။ ရေနံမြေ အလုပ်သမားထု၏ အင်အားက 
ဘီအိုစီ ကဲ့သို့သော အရင်းရှင် ကုမ္ပဏီကြီးများအား အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
တောင်းဆိုချက်အချို့
            လေဘာယူနီယံ ဥက္ကဌ ဦးမျိုးညွှန့်၏ 
ကြိုးပမ်းမှုကြောင့် ငါးလ၊ ခြောက်လ အကြာ ၁၉၂၃ခုနှစ်၊ သြဂုတ်လတွင်
 ရေနံမြေအလုပ်သမားများ၏ တောင်းဆိုချက်အချို့ကို လိုက်လျောခဲ့ရသည်။
 ယင်းတောင်းဆိုချက်များကား အလုပ်သမားများလျှော်ကြေး၊  ဘာသာရေးရက်များ၊ 
အားလပ်ခွင့်၊ လစာတိုးပေးရေး၊ နေအိမ်တန်းလျား
များ ဆောက်လုပ်ပေးရေး၊ ရေမီးစီစဉ်ပေးရေးနှင့် တနေ့ ၈နာရီအလုပ်ချိန် 
သတ်မှတ်ရေးတို့ ဖြစ်ကြသည်။ သို့သော် တဖက်မှလည်း ရေနံမြေ 
အလုပ်သမားခေါင်းဆောင် ဦးမျိုးညွှန့်မှာမှု ရေနံဝန်မစ္စတာ ပီးယားစ် 
(Mr.Peare) အမိန့်ဖြင့် ရေနံမြေ ဥပဒေ ပုဒ်မ (၆၈) အရ ရေနံမြေမှ နှင်ထုတ်ခြင်း
 ခံခဲ့ရရာ ပခုက္ကူ (မြိုင်)သို့ သွားရောက်နေထိုင်ခဲ့ရသည်။ သို့သော် နောက်ပိုင်း 
ဥပဒေပြု လွှတ်တော် အမတ် ဦးဘဘေ၏ အကူအညီဖြင့် ရေနံမြေသို့ ပြန်လည်လာရောက်
 နေထိုင်ခွင့်ရရှိခဲ့သည်။ ဦးမျိုးညွှန့်သည် ပခုက္ကူဘက်တွင် နေထိုင်စဉ်ချင်းတိုင်းရင်းသား 
များ တိုးတတ်ရေးအတွက်လည်း ကြိုးပမ်းဆောက်ရွက်ခဲ့သေး၏။
ဒုတိယမြောက် ရေနံမြေသပိတ်
            ၁၉၂၆ ခုနှစ်တွင် ရေနံမြေ အလုပ်သမားများ 
ဒုတိယအကြိမ်မြောက် သပိတ်မှောက်ခဲ့ကြသည်။ လခစားအလုပ်သမားများအား
 နေ့စားအဖြစ် ပြောင်းလဲလိုက်သဖြင့် သပိတ်မှောက်ကြခြင်းဖြစ်သည်။ ဒုတိယမြောက် 
သပိတ်ဖြစ်ပွားသော အခါ တောင်းဆို
ချက်များလည်း များပြားလာခဲ့သည်။ ဤတွင် ဦးမျိုးညွှန့်က 
အလုပ်သမားအကျိုးအတွက် ရေနံမြေအလုပ်သမား သတင်းစာကိုထုတ်ဝေ
ရန်လည်း စိတ်ကူးရမိခဲ့သည်။
ရေနံမြေအလုပ်သမား သတင်းစာ
            ၁၅ ဇန်န၀ါရီ ၁၉၃၃ တွင် ရေနံမြေ အလုပ်သမားသတင်းစာကို 
စတင်ထုတ်ဝေခဲ့သည်။ ပုံနှိပ်စက် အခက်အခဲကြောင့် ရန်ကုန်မြို့ သီတာအေး ပုံနှိပ်တိုက်တွင် 
ရိုက်နှိပ်ကာရေနံမြေ ၌ ဖြန့်ချီခဲ့သည်။ စာမျက်နှာ ၂၀ ရှိပြီး စောင်ရေ ၁၅၀၀ ခန့် ရိုက်နှိပ်ပါသည်။ 
တာဝန်ခံ အယ်ဒီတာက ဦးသာဇဖြစ်ပြီး ဦးမျိုးညွှန့်က ကမ္ဘာ့အလုပ်ရှင်အလုပ်သမားကဏ္ဍ
 ကိုပင်တိုင်ရေးသားခဲ့သည်။ အယ်ဒီတာချုပ်မှာ ဦးမျိုးညွှန့်ပင်ဖြစ်ပြီး မြန်မာစာဆရာ
 ဦးဘသိန်းနှင့် ဦးခင်သန်း (နောင်တိုင်းပညာဝန်)တို့က အယ်ဒီတာများအဖြစ် ပါဝင်ကူညီခဲ့ကြသည်။
ပထမဆုံး အလုပ်သမားအမတ်
            ၁၉၃၆ ခုနှစ် နိုဝင်ဘာလ၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးမျိုးညွှန့်က 
ပထမဆုံး အလုပ်သမားအမတ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အလုပ်သမားအမတ် 
အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အလုပ်သမားမဲဆန္ဒရှင် ၅၀၀၀ အနက် ၃၅၀၀ က
 ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ပါသည်။ ဦးမျိုးညွှန့်သည် လွှတ်တော်အမတ်ဖြစ်လာသော
 အခါ အလုပ်သမားများအကျိုးအတွက် ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ ၀ါဏိဇ္ဇပဋိပက္ခဥပဒေနှင့် 
ပတ်သတ်၍ ဦးမျိုးညွှန့်၏ ကြိုးပမ်းဆောင်ရွက်မှုက ထင်ရှားခဲ့ပါသည်။
 ချောက်ရေနံမြေသပိတ်
            ၈ ဇန်န၀ါရီ ၁၉၃၈ တွင် ချောက်ရေနံမြေသပိတ် စတင်ဖြစ်ပွားခဲ့သည်။
 ရေနံမြေအလုပ်သမားများက လေဘာယူနီယံ၏ ဦးဆောင်မှုဖြင့် အရင်းရှင်
 ရေနံကုမ္ပဏီများအား သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများသည်
 တောင်းဆိုချက်များကို လိုက်လျောမှု မရှိသဖြင့် မိုင်ပေါင်း၄၀၀ကျော် 
ကွာဝေးသော ချောက်မြို့မှ ရန်ကုန်မြို့သို့ ခြေလျင်ချီတတ် 
ဆန္ဒပြခဲ့ကြသည်။  သို့ဖြင့် ချောက်ရေနံ မြေသပိတ်သည် အလုပ်သမား၊
 ကျောင်းသားစသည်ဖြင့် လူတန်းစားပေါင်းစုံ ပါဝင်လာကာ ၁၃၀၀ ပြည့် 
အရေးတော်ပုံကြီး ဖြစ်ပွားလာတော့သည်။
ဘ၀နိဂုံး
            ဦးမျိုးညွှန့်သည် အလုပ်သမားအရေးကို ရောက်ရာ အရပ်တွင် 
အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင်
 ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်လာသော အခါ သူ့အားစည်းရုံးသိမ်းသွင်းခဲ့သော်လည်း 
မရရှိခဲ့ပေ။ ဦးမျိုးညွှန့် နှင့် ဇနီး ဒေါ်မမလေးတို့မှ ကိုမြင့်မောင်၊ မခင်မြင့်မေ၊ မခင်မြင့်ဆွေ၊ 
ကိုမြင့်အောင်တို့ကို ဖွားမြင်ခဲ့ကြောင်း သိရသည်။
Weekly Eleven မှ ကူးယူဖော်ပြသည်။
Monday, November 18, 2013
မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု မြင်ကွင်း
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်
          ယနေ့ ၇-၉-၂၀၁၃ နေ့လည် ၁၂နာရီကျွန်တော့်ထံ 
တယ်လီဖုန်းဝင်လာသည်။ နားထောင် တော့ 
ကျွန်တော်တို့တောင်သူလယ်သမားနှင့် 
စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအခြေခံအဆင့် ဖွဲ့စည်းရေး
 ဆောင်ရွက်နေသူက ဆက်ခြင်းဖြစ်ပါသည်။ 
ဟင်္သာတမြို့နယ် ရွာတရွာက သမဂ္ဂဖွဲ့စည်းရေးအတွက်
 ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး၏ 
ခွင့်ပြုမိန့်တောင်း နေကြောင်း ထိုအခါဖွဲ့စည်းရေး
 ဆောင်ရွက်သူက လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိလို့ မည်သူ၏ ခွင့်ပြုမိန့်ကိုမျှ
 တောင်းရန်မလိုကြောင်း အခြေခံ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂ
ဖွဲ့စည်းပုံစည်းမျဉ်း ပုံစံ (၁)၊ ပုံစံ(၂)၊ ပုံစံ(၄) စသည်ဖြင့်တရားဝင်ဖွဲ့
 စည်းခြင်းဖြစ်သည်ကို ရှင်းပြရကြောင်း၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ
ကိုပါ ထုတ်ပြကြောင်း သို့ပါလျှက် သက်ဆိုင်ရာလေဘာရုံးကို မေးရဦးမည်
ဟုဆိုသဖြင့် ဆက်လက်ဖွဲ့စည်း 
မည့်အကြောင်းပြောပြကာ ဆက်လက်ဖွဲ့စည်းပေးနေကြောင်း
သတင်းပို့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ဒီတိုင်းပြည်ထဲမှာဘဲ
 အခြေခံ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခဲ့သည်မှာ 
အဖွဲ့ (၄၀၀) ကျော်ရှိနေသော်လည်း ထိုကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး
အတွက် အဆန်းဖြစ်နေသည်ကို
 အံ့သြမိပါသည်။ ကျွန်တော်တို့တိုင်းပြည်ရှိ
 ပြည်သူပြည်သားများအဘယ့်ကြောင့် ဤမျှညံ့ ဖျင်းနေကြသည်ကို 
စဉ်းစားမိပါသည်။ ကျွန်တော်တို့ရွာမှာ တချိန်က 
ဦးထွန်းသိန်းဆိုသူ ကောက်ရိုးထုံး ရွက်လှည်းကြုံစီးသည်ကို 
သွားသတိရမိသည်။ လှည်းကြုံစီး လာသူ ဦးထွန်းသိန်းကို ရွာသားတစ်ဦးက
 ဦးလေးကြီးဘာလို့ကောက်ရိုး ထုံးကြီးရွက်လာတာ 
တုံးမေး တော့ လှည်းလေးမှာစိုးလို့ရွက်လာတာကွ
 ဖြေသည်ကိုစဉ်းစားမိတော့ အနှစ် (၅၀)လုံးလုံး အသိဥာဏ် 
ကန်းဖြစ်နေသူတွေဟာ အများစုဘဲဆိုတာ တွက်မိတော့ ယခုအစိုးရကိုအပြစ်
 မမြင်ချင်တော့ပါ။
          လွန်ခဲ့သောတစ်နှစ်နီးပါးအချိန်က သူငယ်ချင်းဖြစ်သူကျောင်းဆရာ 
အငြိမ်းစားတစ်ဦး ကျွန် တော့ထံရောက်လာခဲ့သည်။ ၄င်းကလုပ်သက် 
(၂၉)နှစ်လောက်မှာ အစိုးရက ၀န်ထမ်းတွေ မြေတစ်ကွက် 
ဆီပေးတော့ ငွေ(၅၅၀၀)ကျပ် သွင်းပြီး ခြံတစ်ကွက်ရခဲ့ကြောင်း 
ခြံအတွက်ဘဏ်သွင်းချလံကို သူငယ်ချင်း ဆီအပ်ထားရာက
 သူငယ်ချင်းဖြစ်သူလင်မယားကွဲပြီး ရန်ကုန်ကို
 ပြောင်းသွားသည်။ မိမိစိုက်ထားသော
 ခြံဒေါင့်ငုတ်(၄)ငုတ်မရှိတော့ဘဲ ခြံကွက်ကိုသူတပါးက
 ကျောက်တိုင်စိုက်ပြီးသွပ်ကြိုးခတ်ထားကြောင်း
 တွေ့ရှိပြီး စုံစမ်းကြည့်သည့်အခါ သူငယ်ချင်းဆီအပ်ထားတဲ့ငွေသွင်းချလံကို
 သူငယ်ချင်းကွဲသွားသည့် ဇနီး၏နောက်အိမ်ထောင်ယောကျာ်းက
 ရောင်းစားရာကနေ သုံးဆင့်မြောက်ဝယ်သူက 
ခြံခတ်ထား ကြောင်း သို့ဖြစ်၍ ခြံကွက်ကိုလက်ရောက်ပြန်ရအောင် 
တရားစွဲဆိုရန် အကူအညီတောင်း လာပါသည်။
          ကျွန်တော်ကလည်းကျူးကျော်စည်းရိုးခတ်သူအား 
စည်းရိုးဖျက်ပေးပြီး ခြံကွက်ကိုလက် ရောက်ပေး 
အပ်စေရန် အမှုကို စွဲဆိုပေးပါသည်။ ခြံကွက်အတွက်ငွေသွင်းစဉ်က
 ငွေသွင်းချလံမှာ ၄င်း ၏အမည်ပေါက် နေသဖြင့် ပျောက်သွားသော
ပစ္စည်းပြန်တွေ့သဖြင့်တရားရုံးသို့ ဥပဒေ၏အကာအကွယ်ဖြင့် ပြန်ရရန်စွဲဆို
 ခြင်းဖြစ်ပါသည်။
          ထိုအမှုကို ကျွန်တော်တို့ခရမ်းမြို့နယ်တရားရုံး ဒု-မြို့နယ်တရားသူကြီးက
 ငြင်းချက်ထုတ်ရာ တွင် ၄င်းအနိုင်ရစေလိုသူအတွက် အနိုင်ရစေမည့်
 ငြင်းချက်ကိုထုတ်ပါသည်။ ကျွန်တော်ကြည့်နေပြီး အထက် 
ရုံးမတက်ဘဲအမှုကိုဆက်သွားရာ ကျွန်တော်ရှုံးသွားပါသည်။ 
ပစ္စည်းပျောက်တာပြန်တွေ့သော်လည်း ပစ္စည်းရှင်မရဘဲ
 နောက်ဆုံးအလိမ်ခံဝယ်ခဲ့သူကအနိုင်ရသွားသည်။ 
ကျွန်တော်အံ့သြလို့မဆုံးပါ ဒါနဲ့ဘဲ အထက်ရုံးသို့
အယူခံတက်ထားရပါသည်။ အယူခံတွင်လည်း
 ကျွန်တော်ရှုံးပါသည်။ ဒီလောက်ရှာရှာ
 ပေါက်ပေါက်အမိန့်ချတတ်တဲ့ ဒီလို တရားသူကြီးမျိုးတွေ
ဘယ်လောက်များနေသလည်း ကျွန်တော်စိုးရိမ်မိ
 ပါသည်။ ထိုစိုးရိမ်ခြင်းမျိုး မည်မျှကြာ အောင်စိုးရိမ်နေရပါမည်နည်း။
 နိုင်ငံတော်သမ္မတက နိုင်ငံရေး စနစ်ကြီးပြောင်းနေပြီ၊ 
လွှတ်တော်ကလည်း ဥပဒေတွေပြန်ပြင်တန်ပြင်၊ 
ဖျက်တန်ဖျက် ပြုတန်ပြုလုပ်နေပြီ။ အဘယ်ကြောင့်
တရားစီရင်ရေးကျမ်း ပေါက်ကျွံနေသနည်း။ ဘယ်ဂယ်ပေါက်ကထွက်ပြီး
 လာဒ်စားနေ သနည်း။ ဆင်ခြင်တုံတရား လက်နက်တစ်ခု တည်းဖြင့်
 ထွက်ပေါက်ရနေသလော၊ 
ထိုလက်နက်ကို မည်သို့ဖျက်ဆီးပစ်နိုင်မည်နည်း
 ဒေါက်တာစိုင်းမောက်ခမ်းကိုတော့ အကြံပေးပြီးပါပြီ၊ 
တိုင်းပြည် ခေါင်း ဆောင်ဆိုတာ 
မလုပ်တတ်လျှင်လည်း 
ဆင်းပေးသင့်ပါသည်။ ကိုယ်ညံ့နေလျှင်တိုင်းပြည်နာသည်
 ပြည်သူနာသည်ဟုခံယူရပေမည်။
 ဒီစက်တင်ဘာ ပထမပတ်
 ဂျာနယ်တစ်စောင်တွင် ဖျာပုံဘက်ကလယ်သူမကြီးတစ်ယောက်၏
 ပြောစကားကိုတွေ့ရသည်။ လယ်တစ်ဧကနာမည်ပြောင်းခ 
တစ်ဧကတစ်သောင်းပေးရသည်။ ဖခင် ကွယ်လွန်၍ဘဏ်
ထုတ်ရန်ဖခင်အမည်မှမိမိအမည်ကိုပြောင်းတော့
 လယ်(၈)ဧကဖို့ငွေ (၈၀၀၀၀)ကျပ်
 ပေးရသည်ဟုဆိုသည်။ ကျွန်တော်စဉ်းစားတော့ 
ယခင်ခေတ်ကဈေးနှုန်းအတိုင်းပါလားဟု 
ခံစားမိပါသည်။ ယခင်ခေတ်ကဆိုလျှင် လယ်တစ်ဧက
အရောင်းအ၀ယ်နဲ့ နာမည်ပြောင်းဆိုက
 ငွေကျပ်တစ် သိန်းနှုန်း ရှိသည်။ လယ်ထဲမှာကန်တူးချင်သေးသပ
ဆိုလျှင် ကျပ်နှစ်သိန်း၊ မိဘက သားသမီးနာမည်ပြောင်းလျှင် 
တစ်ဧကကျပ်တစ်သောင်း ဘဏ်ချေးငွေတစ်နာမည် (၂၀၀၀)ကျပ် 
သည်ယခင်ဈေးနှုန်း များဖြစ်ကြသည်။
          ယခင်အုပ်ချုပ်ရေးမှူးတွေက လစာတစ်ပြားမှမရလို့ 
ထိုလာဒ်ငွေကလေးများနှင့် 
စရိတ်လုပ်ရ 
သည်ထားပါ ယခုစရိတ်တစ်သိန်းနှစ်သောင်းရတော့လည်း
သည်အတိုင်းဘဲ တောင်းနေကြတုန်းပါလား၊
 တိုင်းဒေသကြီးအစိုးရတွေကလည်း ကာပေးနေတော့
 ရောက်တက်နေကြပေတော့သည်။ ဘာမှန်းသိတော့ 
မမှန်တာ လုပ်ရမှာ
 မကြောက်ဖြစ်နေသည်။ တိုင်းဒေသကြီးတွေအုပ်ချုပ်ခွင့်ပေးထားတော့
လည်း ပြည်ထောင်စု အစိုးရက
ည်းအောက်ကိုဘဲချပေးနေသည်။ ချပေးသမျှ 
လည်းအောက်က ဘယ်တော့်မျှမမှန်၊ ဘက်လိုက်ခြင်းဖြင့်သာသူ့
လူသူကယ်ထုတ်ကြ သည်။ ဘယ်လို တိုင်တိုင် 
တိုင်သူသာမောပြီး ရပ်သွားကြသည်။ အနာမြုံသွားပြီးအကိုက်အခဲကတော့ 
ခံစားနေ ရဆဲဖြစ်ကြသည်။ တိုင်းဒေသကြီးအစိုးရတွေကို 
လူမျိုးစုပြည်နယ်တွေကလွဲရင် အကုန်ဖြုတ်ပြစ်ပြီး
 ပြည်ထောင်စုအစိုးရက တိုက်ရိုက်အုပ်ချုပ်ရတော့မှာလားဟုမေးချင်သည်။ 
ဒီမိုကရေစီနိုင်ငံသစ် ဆီချီတက် ရာတွင် မလိုက်နိုင်သူတွေကို 
ချန်ထားခဲ့သင့်ပြီ သူတို့ကိုစောင့်နေလျှင် ခရီးကရှေ့မတက်ဘဲ
 နောက်ပြန် ပြန် ရောက်နေမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို
 ပြင်သင့်ကပြင်ရပေတော့မည်။ သို့မဟုတ်ပါက 
သံစဉ်မတူ သည့်သီးချင်းနှစ်ပုဒ်ကို တပြိုင်တည်းဖွင့်နားထောင်သလို 
နားခါးလှပါပြီ တပုဒ်ကိုပိတ်မှ နားထောင် ကောင်းပါမည်။ 
တိုင်းသူပြည်သားများကလည်း ဒီမိုကရေစီအရွေ့မှာ လူလိမ္မာလုပ်ပြီးကိုယ်နဲ့ 
မဆိုင်သလို မနေသင့်တော့ပြီ အားလုံးဝိုင်းတွန်းမှရွေ့ပါလိမ့်မည်။ 
အချောင်လိုက်ပြီးလူလိမ္မာ လုပ်ကြသူ များလွန်းလျှင်
 နောက်ကိုပြန်ရွေ့သွားပါလိမ့်မည်။ ၀ိုင်းတွန်းကြဖို့တိုက်တွန်းလိုပါသည်။
 ပြည်သူနား 
လည်သင့်သည်က တိုင်းဒေသကြီးအစိုးရတွေက နောက်ကိုပြန်တွန်းနေ
သည်ကို မြင့်သင့်ပြီပြည်သူက လူလိမ္မာလုပ်နေလျှင်
 နောက်ကိုပြန်ရွေ့သွားတော့မည်။ ကိုယ့်တိုင်းပြည်ကောင်းကျိုးကိုယ်
မပါလျှင် ခိုရာကပ်ရာကျပါသည် ခိုကပ်နေသည့်
ကိစ္စကို ရှက်တတ်ကြပါ။ ဟိုခေတ်ကလိုအချောင်သမားအချင်းချင်း 
ဂုဏ်ပြိုင်သည့် ခေတ်မဟုတ်တော့ပြီ။ အများစုက အကောင်းဘက်
မှာရောက်နေပြီ လက်ညှိုးထိုးမခံချင်လျှင် 
ကိုယ်လည်း ၀ိုင်းတွန်းရမည်။ မတွန်းလျှင်လူကဲ့ရဲ့ခံရမည်။
 ပြည်ထောင်စုအစိုးရကို ၀ိုင်းကူရမည်။ သမ္မတကြီး 
ကလည်းဝိုင်းလုပ်ပါမှာအောင်မြင်မည့် အကြောင်းဖိတ်ခေါ်ထားသည်။ 
သူခိုးသေဘော်ညှိသည်ကို လက်မခံကြပါနဲ့ သူခိုးဆိုလျှင်ထောင်ထဲ
အရောက်ဝိုင်းပို့ကြပါ။ သူခိုးကြောင့်အိပ်ရေးပျက် မခံကြပါနဲ့ ဟူ၍ပြောချင်ပါသည်။
          တနည်းတွေးမိတာလည်းရှိပါသည်။ တိချိန်က ဗဟိုပြည်သူ့ဝန်ထမ်း
တက္ကသိုလ်သည် ၀န်ထမ်း များအားအမိန့်ကိုသာနာခံတတ်ရန်ဟူသည့်
 လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည်မြင်မိပါသည်။ ထို ကျောင်းတွင်
သင်ခန်းစာတွေလည်းမပြောင်း ဘာသာရပ်ကိုလည်းမပြောင်းဘဲ 
မည်သည့်ရည်မှန်းချက်နှင့် အတူ ဤသင်တန်းကျောင်းကို 
ဆက်လက်ဖွင့်လှစ်နေကြသည်ကို ကျွန်တော်စဉ်းစား၍ မရနိုင်ပါ။ 
ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်အတွင်း ထိုကျောင်းမှာ
 ငွေကုန်လူပမ်းဖြစ်နေသည်ဟု မြင်မိပါသည်။ 
အကြောင်းမှာ ကျွန်တော်အမှုလိုက်နေကျ ခရမ်းမြို့နယ်တရားရုံးမှ 
တရားခွင်စာရေးဝန်ထမ်း တစ်ယောက် မကြာခင်ကမှ 
သင်တန်းပြီး၍ပြန်လာသည်ကို တွေ့၍ စုံ
စမ်းမေးမြန်းကြည့်ပါသည်။ မည်
 သည့်ဘာသာ ရပ်များသင်ကြားနေပါသည်ကို မေးမြန်းကြည့်ပါသည်။
 နိုင်ငံရေး၊ စီးပွားရေး၊ ကွန်ပြူတာ၊ လက်နှိပ်စက်၊ 
ကြက်ခြေနီ၊ လူမှုရေး၊ ရုံးလုပ်ငန်း၊ စစ်ရေးပြ၊ ပြည့်သူ့ဆက်ဆံရေး၊
 ဆက်သွယ်ရေး စသည်ဖြင့် ဘာသာရပ်များစွာသင်ယူရသည်ဟုဆိုသည်။ 
ထိုသင်တန်းသားများအား စစ်ရေးပြ ဘာသာရပ်သင်ကြား
 ရန်လိုအပ်ပါသလား။ ကိုယ့်နှင့်ဘာမှမဆိုင်သောသင်တန်းများကို 
အဘယ့်ကြောင့် အချိန်ကုန်လူပမ်း ငွေကုန်ခံ၍ ဖွင့်လှစ်သင်ကြားနေကြပါသနည်း။ 
ကျွန်တော့်အမြင်တွင် အကျိုးရှိသည်ဟု လုံးဝမမြင်နိုင်ပါ။ 
သင်တန်းတက်ခဲ့သူများရော ဘာတတ်ခဲ့ပါသနည်း။ ဘာမှမတတ်ခဲ့ဘဲ 
အချိန်၊ ငွေ အလဟဿ ကုန်ကျခြင်းသာ
 မြင်တွေ့ရပါသည်။ ဤမျှအကျိုးမဲ့သောကိစ္စအားမည်သည့်အတွက်ကြောင့်
 မပြုပြင်ဘဲ ဆက်လုပ်နေကြပါသနည်း နောက်ပြန်လှည့်ဖို့များရှိနေသလားဟု 
သံသယရှိမိပါသည်။
          အမှန်တကယ်လုပ်သင့်သည်မှာ လိုအပ်သည့်ကျွမ်းကျင်မှုသင်တန်းများကို 
လုပ်ငန်းအလိုက် သင်တန်းပေးခြင်းကသာ 
အကျိုးရှိမည်ဖြစ်ပါသည်။ အချိန်မကန်ငွေမကုန်ဘဲအကျိုးရှိစေမည့် 
သင်တန်း မျိုးကို ဘယ်လိုဖွင့်လှစ်ကြမှာလည်းဆိုသည့်မေးခွန်းကို
 ဖြေနိုင်ဖို့ကြိုးစားရပေမည်။ မည်သို့အကျိုး 
ရှိစေရန်မည်သည့်သင်တန်းမျိုးကို မည်သို့ပေးကြလျှင်ကောင်းမည်ကို 
အဖြေရှာရပေမည်။
          မည်သည့်မသမာမှုများကို မည်သို့အရေးယူရမည်၊ မည်သူများကိုမည်သို့
သင်တန်းပေး လေ့ကျင့် ထားပြီး အရေးယူခံရသူများထွက်သွားလျှင် 
မည်သို့အစားထိုးရမည်ကို အသင့်ပြင်ထားသင့် ပါသည်။ 
အသင့်ပြင်ထားခြင်းမရှိသည့်အတွက် မည်သည့်လိုအပ်ချက်ကို
မျှအစားထိုးမရတော့ဘဲ လစ်ဟာမှုများဖြင့် ရှေ့ကိုမရောက်တော့ဘဲ
 နောက်ပြန်ရန်သာ မြင်တွေ့နေရပါသည်။
          လွယ်သည်ကိုခက်စေအောင် ရှင်းနေသည်ကိုရှုပ်လာအောင်
တမင်လုပ်ခြင်းဖြင့် အမှန်အမှား တရားမတရားသည်ကို ရှုပ်ထွေးပြီးအဖြေရှာ
မရအောင်ပြုလုပ်နေကြပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေအဆင်ပြေ
မည်ပျော်ရွှင်မည်မဟုတ်တော့ဘဲ ဆင်းရဲတွင်းထဲရောက်ရောက်ကုန်ကြသည်ကို 
အထူးသတိထားရပေမည်။
          မကြာခင်က လက်တွေ့ဖြစ်ရပ်တစ်ခုရှိခဲ့သည်။ ခရမ်းမြို့နယ်
ကံကောင်းကျေးရွာ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများက သူတို့ရွာကမ်းပြိုပြီး 
ပင်လယ်ထဲပါသွားကြောင်း ထိုရွာဟောင်းနေရာတွင်
 သောင်ပြန်ကောလာပြီး ယခုစိုက်ပျိုးရသည့်သောင်ကောဖြစ်နေကြောင်း 
ထိုသောင်ကောမြေကို တရား ၀င်လျှောက်ထားပြီး 
လယ်လုပ်လိုကြကြေင်းပြောပြပြီး ကျွန်တော့်အားလျှောက်လွှာရေးခိုင်းပါသည်။ 
ကျွန်တော်ကလည်း သမဂ္ဂ၀င်များအပြင် ကမ်းပြို၍ 
ဆုံးရှုံးခဲ့သူများအားလုံး (၁၈၃)ယောက်အညီအမျှခွဲ
 ဝေပြီးလယ်လုပ်လိုကြောင်း ဧက(၁၀၀၀)ခန့်ကို လျှောက်လွှာရေးပေး
လိုက်ပါသည်။ ထိုစာကိုစုပေါင်း 
လက်မှတ်ရေးထိုးပြီးသည့်အခါတွင်မူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး
သို့သွားပို့ပါသည်။ ထိုရုံးကစာကိုမယူ လိုက်ပါ။ 
စာတိုက်က ပို့ပါဟုပြောလွှတ်၍ 
စာတိုက်တွင်ငွေကုန်ခံပြီးသွားပို့ကြရရှာသည်။ စာကိုစားပွဲ ရှေ့အရောက်ပို့သည်ကိုယူထားလျှင်လွယ်သည်။ 
ယခုစာတိုက်ကပို့ခိုင်းတော့ခက်ရသည်။ ကဲ လွယ် တာကိုခက်အောင်
လုပ်တာဘဲဖြစ်ပါသည်။
          မှုခင်းတွေဖြစ်သည့်အခါများမှာလည်း ထိုနည်းတူဘဲ 
ရန်ဖြစ်တယ်ဆိုပါတော့ တဖက်အမှုသည် ကအမျိုးသမီးပါသည်ဆိုပါတော့ 
မဟုတ်ဘဲနဲ့လီဆယ်ပြီး လက်ဆွဲပါတယ်ပြောပြီး
 တစ်မှုထပ်ဖွင့် ဖွင့်ပေးတဲ့ရဲကလည်းငွေရရင်ပြီးရောဆိုပြီးဖွင့်ပေး၊ 
ဥပဒေရုံးကလည်းမဟုတ်ဘဲနဲ့ အမှုဖွင့်ပေး၊ တရား 
သူကြီးကလည်းပိုက်ဆံရတော့ ထွက်ချက်တွေကလည်းသက်သေလိမ်တွေနဲ့
 ရှုပ်နေတော့ အဲဒါကို အခြေ ခံပြီး 
ပိုက်ဆံရတဲ့တရားသူကြီးက အရိုက်ခံလိုက်ရတဲ့ ယောကျာင်္းလေး
ကိုထောင်ဒါဏ်ထိုက်တဲ့ ပုဒ်မနဲ့ စွဲချက်အတင်ခံရရော။
 အထက်ရုံးတွေကိုလိုက် ပိုက်ဆံကုန်ရတော့တာပေါ့။
 ရှင်းနေတဲ့ကိစ္စကို မရှုပ်ရှုပ် အောင်လုပ်ပြီး ဟော ပြောင်းပြန်တရားစီရင်ကြလေရဲ့။
          ကျွန်တော် ထိုင်းနိုင်ငံမှာ ဆွေးနွေးပွဲတခုကိုသွားတက်တော့ 
မဲဆောက်မြို့ကတရားအုပ်နဲ့တွေ့ ခဲ့ရပါတယ်။ 
တရားအုပ်ကိုကျွန်တော်ကမေးကြည့်တယ်။ ခင်ဗျားတို့ဆီမှာအောက်ရုံးက
အမိန့်ချမှတ်တဲ့အခါ အမှုတစ်ရာကိုမကျေနပ် လို့အထက်ရုံးတက် 
သွားတာဘယ်နှမှုရှိပါ သလည်းဆိုတော့ သူတို့ ဆီ မှာ 
စာရင်းအတိအကျတော့မရှိဘူး ခန့်မှန်းခြေဖြေရရင်တော့ 
အမှုတစ်ရာမှာနှစ်ဆယ်လောက်တော့ အထက်ရုံးကို 
တက်တတ်ပါကြောင်းရှင်းပြပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ 
အမှုတစ်ရာဆို ရင်အထက် ရုံးကိုမကျေနပ်လို့တက်ကြတာ 
တစ်ရာမှာ ရှစ်ဆယ်ထက်မနည်းဘူးလို့ ရှင်းပြခဲ့ပါသည်။ 
အဲ့ဒါ အကြောင်း ရင်းကဘာလည်းဆိုတော့ 
ရှင်းနေပါသည်။ မှန်ကန်မျှတစွာစီရင်ခဲ့ပါက မည်သူမကျေမနပ်ဖြစ်မည်နည်း။
          ကျွန်တော်က လာဒ်စားပြီးမမှန်တာလုပ်တဲ့တရားသူကြီးတွေကို 
အရေးယူဘို့တိုင်တတ်တော့ ကျွန်တော့်ကို 
ခရိုင်တိုင်းတရားသူကြီးတွေကပါမုန်းတယ် 
ကျနော့်ကိုဝိုင်းချတယ်။ ကျနော်ကမမှုပါ။ 
ကျန်တဲ့ရှေ့နေအများစုကတော့ အဲဒီလိုအမုန်းခံရပြီး အမှုမနိုင်ဖြစလာရင် 
ငှါးသူကရှောင်မှာကြောက် လို့ တရားသူကြီးတွေနဲ့ပေါင်းကြတာများတယ်။
 တချို့တရားသူကြီးတွေ ကျနော်လက်တွေ့ တွေ့ဖူး 
တယ်။ အမှန်ကိုဘဲစီရင်တယ်။ ကျနော်တို့ခရမ်းကမြို့နယ်တရားသူကြီးဦးခင်ဝင်း၊ 
သုံးခွက မြို့နယ် တရား သူကြီးဦးအောင်မော် နှစ်ယောက်စလုံးရှင်းတာကို
 ရှုပ်အောင်မလုပ်ဘူး။ ရှုပ်တာကိုရှင်းအောင် လုပ်ပြီး မှန်တာလုပ်တာ
 ကျနော့်လက်တွေ့ပါ။
          အဲဒီလိုတရားသူကြီးတွေကို ရာထူးတိုးဘို့
လိုတယ်။ သူကမှန်တော့ အထက်ကိုမကြွေးဘူး။ 
သူတို့အသက်ကြီးပြီ ပင်စင်နီးလာပြီ။ မြို့နယ်တရားသူကြီးက 
မတက်ဘူး။ ခရိုင်မှာ ခပ်ငယ်ငယ်နဲ့ တရား
 သူကြီးဖြစ်တဲ့လူတွေတွေ့ဘူးတယ်။ လုံးဝငွေနောက်လိုက်နေတာတွေ့ရတယ်။
 အဲဒီတော့ ကျနော်တို့ ဘယ်လိုလုပ်ကြမှာလည်း။ 
တရားခံတွေနဲ့တရားသူကြီးတွေ ဘက်လိုက်မှုကင်းအောင်မှန် 
ကန်မျှတစွာစီရင် တာတွေကို စံထားပြီးအခြေခံထားပြီး
 ရာထူးတိုးပေးဘို့လိုပါတယ်။ သူတို့ကရှေး
 ဟောင်းနည်းအတိုင်း စာမေးပွဲဖြေခိုင်းနေတယ်။ ဒီလိုမဟုတ်ဘူး 
ခုတော့ပြောင်းပြန်စီရင်သူတွေကိုပါ ရာထူးတိုးပေးနေ
 တယ်လို့မြင်ပါတယ်။ မဖြစ်သင့်ဘူး ဖြူစင်တဲ့သဘောရိုးနဲ့စီရင်တဲ့သူသာ
ရာထူးမတိုး သင့်ဘူးလား။ ကိုယ့်ဖာသာကိုယ်ဖြေပါ။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၅)ရက်                                                                           ဦးသန်းဆွေ
AFFM - ဥက္ကဌ