Showing posts with label NCUB. Show all posts
Showing posts with label NCUB. Show all posts

Friday, November 2, 2012

ပြည်တွင်း ငြိမ်းချမ်းရေး ပူးပေါင်းလုပ်ကြရန် UNFC နှင့် NCUB သဘောထားထုတ်ပြန်


၂ရက် နိုဝင်ဘာလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဂုဏ်သိက္ခာရှိသော ပြည်တွင်း ငြိမ်းချမ်းရေး
အတွက် ပူးပေါင်းဆောင် ရွက်ကြရန် ရည်ရွယ်၍ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ
 ဖက်ဒရယ်ကောင်စီ-UNFC နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားကောင်စီ-NCUBတို့က
 ယနေ့ ပူးတွဲသဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

Friday, September 28, 2012

UNFC နှင့် NCUB ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စု ရောက်ရှိ


၂၇ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ 
(UNFC) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်တွေဟာ
 မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
 ကိုယ်စားလှယ်တွေကို ရှင်းလင်း တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။

Thursday, April 5, 2012

ကြားဖြတ်ရွေးကောက်ပွဲအား ၈၈ နှင့် NCUB ကြိုဆို၊ ဗကပ အကြံပြု


၎ရက် ဧပြီလ ၂၀၁၂ခုနှစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ
ကြေညာချက်ဖြင့်  သဘောထားများ ထုတ်ပြန်ကြရာတွင် ပြည်တွင်းမှ ၈၈ မျိုးဆက်
ကျောင်းသားများ၊ ထိုင်း-မြန်မာ အခြေစိုက်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ 
NCUB နှင့် တရုတ်-မြန်မာ နယ်စပ်ရှိ ဗကပ တို့လည်း ပါဝင်သည်။

Wednesday, April 4, 2012

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ကြေညာချက် ထုတ်ပြန်


၃ရက် ဧပြီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သလို 
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာအရ 
အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့လိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ  
အမျိုးသားကောင်စီ (NCUB)က သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ကြေညာချက်  
ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

 
နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန်
 ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယာနာ တက္ကသိုလ်-
ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ
 ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ  
အတွင်းရေးမှူး ဦးမောင်မောင် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ 
(Photo Courtesy of Conference Organizers)