Showing posts with label employer. Show all posts
Showing posts with label employer. Show all posts

Saturday, December 1, 2012

သံဃာရဲ့ ဒဏ်ရာ ဘာကြောင့်လောင်လဲ မသိဟု ဆေးရုံအုပ်ကြီးပြော


30 Nov 2012

မုံရွာ (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ 
ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး 
ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ
ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးနယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့ သုံးသပ်ချက်များ

Thursday, December 29, 2011

ကုမ္ပဏီများထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက်

၂၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။        ။ ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း 
အမျိုးအစား အလိုက်ရွေးချယ်ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီ
ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက  
ထုတ်ပြန်လိုက်သည်။



အပြည့်အစုံသို့ -----

Tuesday, November 29, 2011

မြန်မာပဲလောကတွင် ကျပ်သိန်းပေါင်းများစွာ လိမ်လည်မှုဖြစ်ပွား


၂၈ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
မြန်မာပြည်တွင်း ပဲအရောင်းအဝယ်လောကမှာ ကျပ်သိန်းပေါင်းသောင်းနဲ့ချီပြီး လိမ်လည်မှု
ဖြစ်ပွားခဲ့ပါတယ်။

ပဲတွေ ပြည်ပကိုတင်ပို့တဲ့ ရောင်းချနေတဲ့ နာမည်ကြီး ကုမ္ပဏီတခုက နယ်ကပဲကုန်သည်တွေ 
အပ်နှံထားတဲ့ ပဲတွေနဲ့ငွေတွေကို လိမ်လည်သွားခဲ့တာလို့ ပဲလုပ်ငန်းလုပ်ကိုင်နေသူတွေ 
အသိုင်းအဝန်းက ပြောပါတယ်။

ပဲကုန်သည်အသင်း ပဲဖိုးလိမ်ခံရသူများ စာရင်းကောက်

၂၈ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
နယူဒေလီ(မဇ္ဈိမ) ။        ။ စိန်နန်းထိုက် ပဲရောင်းဝယ်ရေး ကုမ္ပဏီက ကျပ်သိန်းပေါင်း ငါးသောင်း
ကျော် တန်ဖိုးရှိ ပဲဖိုးငွေများကို ကြိုယူပြီး ထွက်ပြေး တိမ်းရှောင်နေသည် ဆိုသော စွပ်စွဲမှုထွက်ပေါ်ခဲ့
ပြီးနောက် ငွေဆုံးရှုံးသူများ၏ စာရင်းကို ကောက်ယူနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်
နှမ်းကုန်သည်များ အသင်းကပြောသည်။

စာရင်းစုံသွားရင် အဲဒီထက်ပိုလာနိုင်တယ်။ ပြည်ပပို့တဲ့ exporter တွေထဲက ငါးဦးလောက်
ပါတယ်။ ပြည်တွင်း ဝယ်ရောင်းတွေ များတယ်။ တောကုန်သည်တွေလည်း ပါတယ်။ဟု 
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်း၏ တွဲဘက် အတွင်းရေးမှူး 
ဦးသောင်းဟန်က မဇ္ဈိမကိုပြောသည်။