Monday, December 31, 2012

လက်ပံတောင်းသပိတ် ဖြိုခွဲခံရမှု တလပြည့် ဆန္ဒပြ


29 Dec 2012

လက်ပံတောင်း တောင် သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတဲ့ တလပြည့်  
အထိမ်း အမှတ် အဖြစ် ရန်ကုန်နဲ့ မုံရွာ မြို့တွေမှာ စနေနေ့က ဆန္ဒပြ မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။
ရန်ကုန် မှာတော့ စနေနေ့ ညနေ နာရီ လောက်က လူ အင်အား ၅၀ ကျော်ခန့် ဟာ  
ပန်းဆိုးတန်း ကနေ အနော်ရထာ လမ်းအတိုင်း လူစုပြီး မြန်မာ့ စီးပွားရေး ဦးပိုင် 
 လီမိတက် ရှိ ရာ ၅၁ လမ်း အထိ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။


အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်


30 Dec 2012

ပြီးတဲ့သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့်  
သေဆုံးသွားခဲ့ရပြီး၊ ဒီကနေ့ပဲ သင်္ဂြိုဟ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး 
 ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေ ကြားမှာလည်း 
 စိုးထိတ်မှုတွေ ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုဆိုတာ ဖြစ်နေကျ ပြစ်မှုတခုလို့ 
 ဆိုရပေမယ့် အခုလို တနိုင်ငံလုံး ဟိုလေးတကျော်ဖြစ်လို့ ပြည်သူတွေ ဒေါသထွက်၊  
မကျေနပ်ကြဘဲ ဆန္ဒပြမှုတွေ၊ အစိုးရကို အရေးတယူ ချက်ချင်း ဆောင်ရွက်ဖို့  
တိုက်တွန်းမှုတွေ ထွက်ပေါ် အပြီးမှာ မြန်မာအမျိုးသမီးတွေကြားမှာလည်း အခုလို  
ကြောက်ရွံ့မှုတွေ ရှိနေကြတာလို့ ဒေလီက ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။

More >>>>>>>>

လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ခံရမှု တစ်လပြည့်အခမ်းအနား ကျင်းပ


2012-12-29
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု တစ်လပြည့်တဲ့ အထိမ်းအမှတ်အဖြစ် 
ဒီကနေ့မနက်ပိုင်းက လက်ပန်းတောင်းတောင်ခြေ ဆည်တဲရွာနဲ့ လက်ပန်းတောင်းတောင်ကြားမှာ
 ဒေသခံရွာသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး မေတ္တာပို့ဆုတောင်း ခဲ့ကြပါတယ်။
 
အပြည့်အစုံသို့ ------------

ရန်ကုန်ရောက် လက်ပန်းတောင်းတောင် ဒေသ က သံဃာတွေကို နေ့ဆွမ်းဆက်ကပ်


2012-12-29
လက်ပန်းတောင်းတောင်အရေးကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုရောက်ရှိနေတဲ့ ဒဏ်ရာရ 
သံဃာတော်တွေနဲ့ ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့က သံဃာတော်တွေ ကို 
ဒီမိုကရေစီ အင်အားစုတွေက စုပေါင်းပြီး ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိတဲ့ မျက်နှာ၊ 
 မေးရိုး၊ ခံတွင်းနဲ့ ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာနရှေ့မှာ နေ့လည်ဆွမ်း ဆက်ကပ် ခဲ့ကြပါတယ်။

အပြည့်အစုံသို့ -------------