Monday, December 31, 2012

အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်


30 Dec 2012

ပြီးတဲ့သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့်  
သေဆုံးသွားခဲ့ရပြီး၊ ဒီကနေ့ပဲ သင်္ဂြိုဟ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး 
 ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေ ကြားမှာလည်း 
 စိုးထိတ်မှုတွေ ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုဆိုတာ ဖြစ်နေကျ ပြစ်မှုတခုလို့ 
 ဆိုရပေမယ့် အခုလို တနိုင်ငံလုံး ဟိုလေးတကျော်ဖြစ်လို့ ပြည်သူတွေ ဒေါသထွက်၊  
မကျေနပ်ကြဘဲ ဆန္ဒပြမှုတွေ၊ အစိုးရကို အရေးတယူ ချက်ချင်း ဆောင်ရွက်ဖို့  
တိုက်တွန်းမှုတွေ ထွက်ပေါ် အပြီးမှာ မြန်မာအမျိုးသမီးတွေကြားမှာလည်း အခုလို  
ကြောက်ရွံ့မှုတွေ ရှိနေကြတာလို့ ဒေလီက ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။

More >>>>>>>>

No comments:

Post a Comment