ILO

 "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄
(103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏
 ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ"

(၂၀၁၄ခုနစ်၊ ဇွန်လ၊ (၉)ရက်နေ့)


၂၀၁၄ခုနစ် ဇွန်လ (၉)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)သည် "(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ၂၀၁၄ (103rd International Labour Conference 2014) အလုပ်သမားအစုအဖွဲ့များ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ " အား FTUMရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)သည် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (၂၀၁၄) (103rd International Labour Conference 2014) ညီလာခံအား၂၀၁၄ခုနစ်၊ မေလ(၂၈)ရက်မှ ဇွန်လ(၁၂)ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ 

ထိုညီလာခံကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ၏ ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် ပတ်သတ်၍ အကြောင်းအရာများအား FTUM အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မှ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ရှင်းလင်းတင်ပြခဲ့ရာ သတင်းမီဒီယာများမှ အမေးအဖြေကဏ္ဍတွင် မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ FTUMအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် သတင်းဌာနမီဒီယာ(၁၈)ခု မှ စုစုပေါင်း
(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သော သတင်းဌာနမီဒီယာများမှာ DVB, 7 Day News, Democracy Newspaper, Myanmar News Network, အတွေးသစ်, Myanmar News Agency, The New light of Myanmar (English), Trade Times, Envoy , Myawaddy, Kumudra Journal, Model Journal, Popular News, The Farmer, The Voice, Kamayut Media, The Pyi Myanmar နှင့် RFA တို့ ဖြစ်ကြပါသည်။

 ......................................
မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ၂၀၁၄ ခုနှစ်၊ ဇွန်လ (၀၂) ရက်နေ့တွင် ILO အလုပ်အမှုဆောင်အဖွဲ့ (Governing Body) အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ILO ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၁ နှစ်တွင် ၃ ကြိမ်ပြုလုပ်ပါသည်။ မတ်လ၊ ဇွန်လ နှင့် နိုဝင်ဘာလများတွင် ပြုလုပ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ILO ၏ မူဝါဒများကို ဆုံးဖြတ်ပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) ၏ အစည်းအဝေးအစီအစဉ်များကို ဆုံးဖြတ်သည်။ ညီလာခံတွင် တင်သွင်းမည့် အစီအစဉ်များနှင့် ရ/သုံးငွေစာရင်းများကို ဆုံးဖြတ်ပါသည်။ ထို့နောက် ILO ၏ ညွှန်ကြားရေးမှူးချုပ် Director General ကို အလုပ်အမှုဆောင်အဖွဲ့မှ ရွေးကောက်တင်မြှောက်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့ကို အဓိက ကိုယ်စားလှယ် (Titular member) ၅၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၄ ဦး၊ အလုပ်သမား ၁၄ ဦး) နှင့် လက်ထောက်ကိုယ်စားလှယ် (Deputy Member) အဖွဲ့ဝင် ၆၆ ဦး (အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၉ ဦး၊ အလုပ်သမား ၁၉ ဦး) တို့ဖြင့် ဖွဲ့စည်းပါသည်။ တီကျူလာအဖွဲ့ဝင် ၅၆ ဦးတွင် အစိုးရ ကိုယ်စားလှယ်နေရာ ၂၈ ဦး ရှိရာ ၁၀ နေရာကို စက်မှုထွန်းကားသည့်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အိန္ဒိယ၊ အီတလီ ၊ ဂျပန် ၊ ရုရှား ၊ ယူကေ နှင့် အမေရိကန် နိုင်ငံ ) ၁၀ နိုင်ငံရှိ အစိုးရများမှ အမြဲတမ်း ရရှိပါသည်။ အခြားနိုင်ငံအစိုးရများအနေဖြင့် ကျန်ရှိသည့် နေရာများကို ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက်ရပါသည်။ အလုပ်ရှင်ကိုယ်စားလှယ်များကို အလုပ်ရှင်များမှ ရွေးကောက်တင်မြှောက်ပြီး အလုပ်သမားကိုယ်စားလှယ်များကို အလုပ်သမားများမှ ရွေးကောက်တင်မြှောက်ပါသည်။ အရံကိုယ်စားလှယ် (Substitute member) ၆၆ ဦးကိုလည်း ရွေးချယ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် (၃) နှစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သည် လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးရှိ အလုပ်သမားကိုယ်စားလှယ် ၁၉ တွင် အရွေးချယ်ခံခဲ့ရပါသည်။ မြန်မာပြည်၏ သမိုင်းတွင် ပထမဦးဆုံးသော ILO အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ယခုနှစ် ILC ညီလာခံ တွင် အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၂၇ မဲရှိပါသည်။ ဦးမောင်မောင်အနေဖြင့် ၉၈ မဲ ရရှိခဲ့ပါသည်။ FTUM အနေဖြင့် အသိပေးတင်ပြပါသည်။
............................................  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ Governing Body ကိုယ်စားလှယ်စာရင်း
 
 .......................................................... 
လေးစားအပ်ပါသော FTUM အဖွဲ့ဝင်များ နှင့် မိတ်ဆွေများ ယနေ့ ၂၀၁၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (ILC) အတွက် အကြို ပြင်ဆင်ခြင်းအစည်းအဝေးများ ကျင်းပပြုလုပ်နေပြီဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ILO ရုံးချုပ်တွင် အစည်းအဝေးများ စတင်ကျင်းပနေပြီဖြစ်ပါသည်။ အစည်းအဝေးအစီအစဉ်များကို အဖွဲ့ဝင်များ နှင့် မိတ်ဆွေများ သိရှိနိုင်စေရန် တင်ပေးထားပါသည်။ ILO ၏ အလုပ်သမားအစုအဖွဲ့ ( Workers Group) အစည်းအဝေးကို ဒေသစံတော်ချိန် နေ့လည် ၁၅း၀၀ နာရီမှ ညနေ ၁၈း၀၀ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (ILC) ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ (၂၈) ရက်နေ့ ( မနက်ဖြန်) တွင် ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။အဖွဲ့ဝင် နိုင်ငံအသီးသီးရှိ အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များအား နံနက် ၀၉း၄၅ နာရီတွင် ညီလာခံခန်းမ၌ နေရာယူပေးကြပါရန် ထုတ်ပြန်ကြေညာထားပါသည်။  
 






 "The meeting of ITUC Preparatory meeting for 103th ILO Conference"
ITUC Preparatory Meeting Date: 2014 May 27 Time: Geneva Local Time 10:00 am to 13:00 pm Place: Room Number II , ILO Geneva Office, Switzerland. "The meeting of ITUC Preparatory meeting for 103th ILO Conference" On May 27, 2014 General Secretary of FTUM Mr. Maung Maung attended the meeting of ITUC Preparatory meeting for 103th ILO Conference at Geneva in Swaziland. Accounting to the Agenda: - Remarks by General Secretary - Elections of the Worker's Group of the ILO Governing Body. - Conference agenda. - Election to Worker's Group positions - Conference Committee. ITUC ကြိုတင်ပြင်ဆင်သည့် အစည်းအဝေး ကျင်းပသည့် ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ မေလ ၊ ၂၇ ရက်နေ့။ ကျင်းပသည့်အချိန်။ ။ ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁၃း၀၀ နာရီအထိ။ ကျင်းပသည့်နေရာ။ ။ ILO ဂျီနီဗာရုံးချုပ်၊ အခန်းနံပါတ် (၂) ၊ ဆွစ်ဇာလန်နိုင်ငံ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ် သမားရေးရာညီလာခံ (ILC) ကို မေလ ၂၈ ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) အနေဖြင့် ILC တွင်တင်ပြမည့် အလုပ်သမားအစုအဖွဲ့ များ၏ ဆွေးနွေးချက်များအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကို ယနေ့ ၂၀၁၄ ခုနှစ် မေလ (၂၇) ရက်နေ့ တွင် ILO ဂျီနီဗာ ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တက်ရောက်ပါဝင်နေပါသည်။ အစည်းအဝေးအစီအစဉ်များမှာ ၁။ အထွေထွေအတွင်းရေးမှူး မှ အမှာစကားပြောကြားခြင်း။ ၂။ ILO အုပ်ချုပ်ရေးအဖွဲ့၏ အလုပ်သမားအစုအဖွဲ့ ကိုယ်စားလှယ်များအား ရွေးချယ်တင်မြှောက်ခြင်း။ ၃။ ညီလာခံတွင် ဆွေးနွေးမည့် အစည်းအဝေးအစီအစဉ်များ ၄။ အလုပ်သမားအစုအဖွဲ့၏ ဦးဆောင်မှုနေရာများအတွက် ရွေးကောက် တင် မြှောက်ခြင်း။ ၅။ ညီလာခံကော်မတီကိစ္စရပ်များ ဖြစ်ပါသည်။
.............................
Trade Union Training on Labour Law Reforms for Decent Work in Asia (focus on ILO Conventions C87, C98 & R198) 20 - 23 May 2014, Bangkok Trade Union Training on Labour Law Reforms for Decent Work in Asia Workshop was held in Bangkok on 20th - 23th May 2014. Ms. Khaing Zar Aung (Secretary of Women's Committee) and Ms. Eaindra Kyi Tin (Lawyer) from FTUM attended this workshop. The workshop was based on Decent Work, Labour Laws, Worker's rights and Collective bargaining. Group discussion and Individual presentations were performed during this workshop. ၂၀၁၄ခုနစ်၊ မေလ ၂၀-၂၃ရက်နေ့များတွင် ဘန်ကောက်မြို့ ၌ Trade Union Training on Labour Law Reforms for Decent Work in Asia Workshop ကို ပြုလုပ်ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံပေါင်း (၁၃)နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦး တတ်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)ကိုယ်စားလှယ် အဖြစ်ဒေါ်ခိုင်ဇာအောင် (အမျိုးသမီးကော်မတီ အတွင်းရေးမှူး)၊ ဒေါ်အိန္ဒြာကြည်တင် ( အထက်တန်းရှေ့နေ)တို့ နှစ်ဦး တတ်ရောက်ခဲ့ကြသည်။ သင့်တော်ကောင်းမွန်သောအလုပ်အကိုင်နှင့် အလုပ်သမားဥပဒေ၊ အခွင့်အရေးများ၊ စုပေါင်းညှိနိုင်းတောင်းဆိုမှုဆိုင်ရာ အကြောင်းအရာများအား အုပ်စုဖွဲ့၍သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။
 .........................
Workshop to Protect Migrant Workers from Labour Exploitation ဒုတိယအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများစီမံခန့်ခွဲခြင်းနှင့် အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  ၂၀၁၄ခုနစ်၊ မေလ ၁၅-၁၆ ရက်နေ့တွင် ILO Office (Myanmar) သင်တန်းခန်းမတွင် ဒုတိယအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများစီမံခန့်ခွဲခြင်းနှင့် အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အား ပြုလုပ်ကျင်းပခဲ့သည်။ထိုဆွေးနွေးပွဲသို့ အဖွဲ့အစည်း (၅)ဖွဲ့မှ စုစုပေါင်းလူဦးရေ (၂၁)ဦးတက်ရောက်ခဲ့ရာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUM)မှကိုယ်စားလှယ် လေးဦးနှင့် မြန်မာနိုင်ငံစိုက်ပျိုးရေးတောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM)တို့မှ ကိုယ်စားလှယ် လေးဦး ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် - မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေ - ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သတ်သော လက်ရှိဖြစ်ပေါ်နေသည့် မှုဝါဒများ (ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်မူ၊ နှစ်အပိုင်းအခြား တိုးမြင့်ခြင်း၊ အိမ်ဖော်အလုပ်သမားများ စေလွှတ်ခြင်း) - မြန်မာအစိုးရ၏ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲ့မှုဆိုင်ရာ လုပ်ငန်းစီမံချက် - အဓိက ပြသနာနှင့် ဦးစားပေးလုပ်ငန်းစဉ်များ - ဦးစားပေးလုပ်ငန်းစဉ်များ အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များချမှတ်ခြင်းများ ဆွေးနွေးခဲ့ပါသည်။
လူမှုဘ၀များ အကာအကွယ်ပေးမှု နှင့် အလုပ်သမားများအတွက် လူမှုဖူလုံရေး မူဝါဒများအတွက် အလုပ်သမားသမဂ္ဂသင်တန်း Social protection and Social Security Policy training The training for Social protection and Social Security Policy took place at Beijing, China, ACFTU(All-China Federation of Trade Unions) Head Quarter from 12th May to 16th May 2014.This training is organized by ILO ITC, Turin Center and ACFTU. Phyo Sandar Soe, FTUM Youth Committee Secretary participated in the training. 26 young trade union leaders from 13 countries including China from Asia and Pacific region attended the training and resource persons are from ILO,ITC Turing Training Center, ILO Bangkok Office, a trade union leader from Latin America, Argentina and Leaders from ACFTU and Chinese experts on Social Protection System. We analyzed the impacts of Globalization. Trade Union agenda on inequality, widening gap between poor and rich and unfair distribution which are impacts of Globalization and Trade Union role and activities , taking a reference on countries' experience, were discussed. Unfair Distribution is rapidly making poverty. Particularly, this is happening in developing countries which are in Asia. Therefore, poverty alleviation and safeguarding the lives of worker's and their family is the main responsible for social partners (Governments + Employers + Trade Unions) and Social Protection becomes a key agenda. This is a trade union training. Therefore, role of trade unions such as trade union agenda and activites for Social Protection and Social Security Policies were mainly discussed. Normally, Social Protection and Social Security Coverage is for only formal sector in most of the countries. Today, we need to extend the coverage for informal workers, contract workers, seasonal workers, daily waged workers also. We need to guarantee the security for informal workers. We learned the model of Social Protection Scheme in Latin America and analyzed Social Protection Schemes in Asia Countries. Especially, China is trying for restructuring Social Protection System to be in line with rapid economic development. We learned Policy Changes, Challenges, Achievements of Social Protection Systems in countries. To over come the challenges for building Social Protection Floor and high level of Social Security, active participation, constructive discussion and coordination of social partners are very important. We, trade unions need to promote social dialogue in our countries. for Asia Countries, Decent Work years are from 2006 to 2015. We have to report of activities for Decent Work in 2015. Social Protection is one of the pillars of Decent Work and implementation of Social Protection is part of implementation of Decent Work in Asia. Asia Countries should be working together for Social Protection. We learned ILO standards on Social Protection . Convention 102 and Social Protection Floor , Recommendation 202 and visited Workers' Service Center Beijing.  Social Protection and Social Security Policies သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ Beijing, China. ACFTU ရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်း၊ (တူရင်းမြို့၊ အီတလီ) နှင့် တရုတ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ACFTU) တို့ ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။ ထိုသင်တန်းသို့ အပြည်ြပည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော FTUM မှ လူငယ်ကော်မတီ အတွင်းရေးမှူး မဖြိုးစန္ဒာစိုး တက်ရောက်ခဲ့ပါသည်။ အာရှ နှင့် ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အလုပ်သမားသမဂ္ဂလူငယ်ခေါင်းဆောင် ၂၆ ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ဦးဆောင်ဆွေးနွေးပို့ချသူများမှာ ILO မှ ကျွမ်းကျင်သူအရာရှိများ၊ Latin America မှ အလုပ်သမားသမဂ္ဂခေါင်းဆောင်၊ တရုတ်နိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ ကျွမ်းကျင်ပညာရှင်များဖြစ်ပါသည်။ ကမ္ဘာ့သွင်တူပြောင်းလဲမှုဖြစ်စဉ် (Globalization) ၏ အကျိုးဆက်ဖြစ်သော မညီမျှမှုများ၊ ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးထွားလာခြင်း၊ ခွဲဝေမှုမမျှတခြင်း အစရှိသည်များအပေါ်တွင် အလုပ်သမားသမဂ္ဂများအနေဖြင့် မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်သင့်သည်၊ ဖြေရှင်းနိုင်သည် အစရှိသည့်နည်းလမ်းများကို နိုင်ငံအတွေ့အကြုံများအပေါ်တွင် အခြေခံ၍ ဆွေးနွေးကြသည်။ ခွဲဝေမှု မမျှတသည့်အတွက်ကြောင့် ဆင်းရဲမွဲတွေမှုများ ပိုမိုကြီးထွားလာသည်။အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများဆုံးဖြစ်သည့် အာရှနိုင်ငံများတွင် (Globalization) ၏ အကျိုးဆက်ကို ခံစားနေရသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး၊ အလုပ်သမားများ နှင့် ၄င်းတို့၏ မိသားစုများဘ၀များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် Social Protection Scheme (လူမှုဘ၀များအကာအကွယ်ပေးမှုအစီအစဉ်) ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာ အစိုးရ-အလုပ်ရှင်-အလုပ်သမားများ၏ တာဝန်ဖြစ်လာသည်။ အလုပ်သမားသမဂ္ဂသင်တန်းဖြစ်သည့်အတွက် သင်တန်းတွင် Social Protection and Social Security Policies အတွက် အလုပ်သမားသမဂ္ဂများ၏ တာဝန်ကို ဆွေးနွေးခဲ့ကြပါသည်။ အလုပ်သမားသမဂ္ဂများ၏ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ လက်တင်အမေရိကား ရှိ နိုင်ငံများ၏ Social Protection System, အာရှ နှင့် ပစိဖိတ်ဒေသရှိ Social Protection System ကို ဆွေးနွေးသည်။ အထူးသဖြင့် တရုတ်နိုင်ငံအနေဖြင့် လျှင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြောင်းလဲမှုနှင့်အတူ Social Protection Coverage ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေမှုများဆွေးနွေးခဲ့သည်။ social protection ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။ ကောင်းမွန်သော Social Protection စနစ်ကို တည်ဆောက်ရာတွင် လူမှုရေးမိတ်ဖက်များဖြစ်သည့် အစိုးရ-အလုပ်ရှင်-အလုပ်သမားတို့၏ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့သည် မည်မျှအထိ အရေးပါကြောင်းကို ဆွေးနွေးခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိသည် အာရှနိုင်ငံများအတွက် Decent Work (သင့်လျှော်ကောင်းမွန်သော အလုပ်အကိုင်) ရရှိရေး နှစ်များဖြစ်သည်။ Social Protection သည် Decent Work ရရှိရေးအတွက် အရေးပါသော ဖြစ်သည့်အတွက် အာရှနိုင်ငံများအနေဖြင့်င့် Social Protection အတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဆွေးနွေးခဲ့ပါသည်။   

  ................................
 
Pre-discussion about Child Labour  for tomorrow’s ILO meeting
၂၀၁၄ခုနစ်၊ ဧပြီလ (၆)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FTUM)သည်  လှိုင်သာယာမြို့နယ် သင်တန်းကျောင်းတွင် ILO နှင့် ကလေး အလုပ်သမားများ ဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမည့် ကိစ္စရပ်များကို သမဂ္ဂအဖွဲ့ဝင်များနှင့် အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် သမဂ္ဂအဖွဲ့ပေါင်း (၈)ဖွဲ့မှ ခေါင်းဆောင်များ တတ်ရောက်ခဲ့ကြသည်။

 ..............................................

 FTUM and ILO ACTRAV-ITC Trade Union Training on Freedom of Association, Organization Strategies and Collective Bargaining Place - Golden Butterfly Hotel Date -  13-14, December, 2013 FTUM invited other non FTUM trade unions. Altogether 27 participants, 24 trade unions from different sector (IUF –Hotel union and agriculture, food, ITF- train and cargo handling, EI –university teachers, Industri All- township level labour organizations Household things, Garment, Plastic, Leather/Shoe, attended the training. Workers are introduced about how to bargain workers needs through collective bargaining system and to understand changing world of work and trade union’s important role. We, FTUM has been providing ILS through the ILO ACTRAV training to workers and trade unions since 2003.
 ...................................................
ILO ACTRAV Sub-Regional Educators Workshop 
ILO ACTRAV Sub Regional Educators Workshop: Strengthening Trade Unions Thorough Union Education, 25-29 November 2013 Bangkok, Thailand
16 union educators from 10 Countries participated in the workshop. 
 ....................................
ILO ADB Asean Secretariet Asean TU Asean Employer ( Nov 6 2013)
Feb 17, 2012 Trade Unions
ITUC delegation, in its first ever visit to Burma, met with Trade Unions who had applied for registration, met with released FTUB members, NLD leader Daw Aung San Suu Kyi, Bago division NLD leader U Myat Hla and Ministry of Labor.
 A delegation from the ITUC visited Burma on 12th to 16th of February 2012.  The delegation was headed by Mr. Stephen Benedict, Director of the Human and Trade Union Rights (HTUR) department and also included Mr. Jeffrey Vogt, Legal Advisor of the ITUC and the HTUR, and Mr. Patuan Samosir Senior Officer, Organizing and Projects ITUC Regional Organization for Asia-Pacific (ITUC-AP).
During the visits, the delegation met with the representatives from the Myanmar Industrial Trade Unions (MITU), the Agriculture and Farmers Federation of Myanmar (AFFM), the Journalist Press and Publication Workers' Union (JPPWU) and the Textile and Garment and Leather Workers Union (Bago) and the Daikoo General and Transport Workers Union. They also met with FTUB leader Myo Aung Thant. 
They also met with U Myat Hla a senior attorney and leader of the Bago region NLD. Also in the meeting were lawyers, farmers and youth. The discussion was on the legal interpretation on the recently passed Labor Organization Law and past and present functions and interpretations of the labor law in Burma/Myanmar.
On the 14th, they went to Shwe Pyi Thar Industrial Zone to observe Deputy Minister of Labor U Myint Thein talk to workers on the Labor Organization Law.
On the 15th the delegation went by plane  went to Naypyidaw and met with the Ministry of Labor headed by the Director General and discussed on the Labor Organization Law, the Prison Code and the Labor Organization Rules .
Returning by car, on the morning of the 16th  Stephen Benedict and Jeffery Vogt  met with Daw Aung San Suu Kyi at the NLD HQ briefly, presented support for the NLD and a letter from the Sister Sharan Burrow, the General Secretary of the ITUC.
After that the delegation also went to Hlaing Tharyar Industrial Zone to observe the work places.
The delegation left Burma / Mynamar on 16th evening.
***************************************************

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရုံး အမှုဆောင် ညွှန်ကြားရေးမှူး Mr.Guy Ryder ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ
January 24th, Filed under news
အလုပ်သမားဝန်ကြီးဌာနနှင့်လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရုံး အမှုဆောင်ညွှန်ကြားရေးမှူး Mr.Guy Ryder ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့ (၀၉း၀၀) နာရီတွင် နေပြည်တော် ရုံးအမှတ် (၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သော အလုပ်သမားအဖွဲ့အစည်းဥပဒေအား အမြန်အာဏာ တည်နိုင်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ILO ညီလာခံများနှင့် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးများ၏ နိဂုံးချုပ်မှတ်ချက်ပါ အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများအား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ဖြစ်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုပမ်းဆောင်ရွက်နေမှု၊ အငြိမ်းစားဝန်ထမ်းများအား အငြိမ်းစား လစာတိုးမြှင့်ခံစားခွင့် ဆောင်ရွက်ပေးခဲ့မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်တိုးတက်လာမှု၊ အကျဉ်းသားများကို နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံတ၀န်းဝှမ်းလုံးတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် သန္နိဌာန်စိတ်ဖြင့် ဆောက်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနှင့် အလုပ်သမားညွှနတ်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့ တက်ရောက်ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရုံးတို့ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူညီချက်ကို စမ်းသပ်ကာလ နောက်ထပ် (၁) နှစ် ထပ်မံသက်တမ်းတိုးမြှင့်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ရုံးကိုယ်စား ILO အမှုဆောင်ညွှန်ကြားရေးမှူး Mr.Guy Ryder တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ILO ရေးရာလုပ်ငန်းအဖွဲ့နှင့် ILO အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တို့သည် အဓမ္မခိုင်းစေမှုပပျောက်ရေးနှစ်ဘက်ပူး ပေါင်းဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ၊ အနာဂတ်လုပ်ငန်းစဉ်များ အသစ်ပြုစုရေးဆွဲရန်ရှိသော အလုပ်သမားရေးရာ ဥပဒေများနှင့် စပ်လျှဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။