Showing posts with label land confiscation. Show all posts
Showing posts with label land confiscation. Show all posts

Friday, February 22, 2013

သိမ်းထားသည့် လယ်မြေများ တပ်က ဘယ်လိုပြန်ပေးမလဲ


21 Feb 2013

စီမံကိန်းများ အတွက် အသုံးပြုရန် ဟု ဆိုကာ တပ်မတော်က သိမ်းဆည်းထားသည့်  
လယ်ယာမြေ များကို တောင်သူ လယ်သမားများ သို့ ပြန်ပေးနိုင်ရန် စီစဉ်နေသော်လည်း  
 ပြန်ပေးအပ်နိုင်မည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ 
ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

အပြည့်အစုံသို့ ------------

အင်းလေးဟိုတယ်ဇုန်စီမံကိန်းနဲ့ ဒေသခံများ

Tuesday, February 19, 2013

အင်းလေးကန်ဟိုတယ်ဇုံအတွက် မြေသိမ်း


18 Feb 2013

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လဆန်း က ရှမ်းပြည်နယ် အစိုးရမှ အင်းလေးကန် အရှေ့ဘက် 
ကမ်းစပ်ရှိ ကံဘဲ့ အင်ကြင်းကုန်းရွာ မှ တောင်သူ ၈၃ ဦး ပိုင်ဆိုင် တဲ့ ယာမြေ ဧက ၁ဝဝ ကျော်
 အပါအဝင် မြေလွတ်မြေရိုင်း ဧက ၆ဝဝ ကျော် ကို သိမ်းယူခဲ့ပါတယ်။

More >>>>>>>>>>

Monday, February 18, 2013

ကမ်းထောင့်ကြီးကျေးရွာပိုင် ရွာလယ်မြေကွက် နဂိုအတိုင်းထားရှိရန် ရွာသားများလိုလား


17 Feb 2013

ရခိုင်ပြည်နယ်မှ ကျေးရွာကြီး တစ်ရွာ ဖြစ်သော မြေပုံမြို့နယ် ကမ်းထောင့်ကြီးကျေးရွာ 

ရွာလယ်မြေကွက်ကို သက်ဆိုင်ရာက အိမ်ဆောက်ရန် ရောင်းချနေသဖြင့် ကျေးရွာသားများက

 ၎င်းမြေကွက်ကို နဂိုအတိုင်းသာ ထားရှိလိုကြောင်း ရွာသားများ သတင်းပေးပို့ရာတွင် ဖေါ်ပြသည်။

အပြည့်အစုံသို့ ------------

စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ


2013-02-16

ရခိုင်ပြည်နယ်၊ ကျောက်တော် အခြေစိုက် စစ်ဒေသကွပ်ကဲရေး ဌာနချုပ် စကခ(၉) 
က မြောက်ဦး မြို့နယ် နတ်ချောင်းကျေးရွာအုပ်စုရှိ လယ်သမားတွေထံက  
သူတို့အဓမ္မသိမ်းယူပြီး သီးစားပြန်ချထားတဲ့ လယ်မြေတွေအတွက် သီးစားခစပါးတွေ 
 ပေးဆောင်ဖို့ မနေ့ မနက်ပိုင်းက ညွှန်ကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အပြည့်အစုံသို့ -----------

Saturday, February 16, 2013

သီလဝါ စီမံကိန်း သိမ်းယူ လယ်မြေများအတွက် လျော်ကြေးပေးမည်


15 Feb 2013

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် အတွင်းရှိ သီလ၀ါစက်မှုဇုန် စီမံကိန်းအတွက် 
သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်ပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင်
 ပေးသော လျော်ကြေး မရရှိသေးသူများအတွက် ယခု အသစ် ပြဌာန်းလိုက်သော လယ်ယာမြေ ဥပဒေအတိုင်း လျော်ကြေးပေးမည် ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသို့ ------------

Thursday, February 14, 2013

ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ


2013-02-13

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက စစ်တပ်ပိုင်
 မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး
 ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲအမှုဖွင့်ခဲ့ပါတယ်။

အပြည့်အစုံသို့ --------------