Showing posts with label hydropower project. Show all posts
Showing posts with label hydropower project. Show all posts

Tuesday, November 27, 2012

တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားတွေ ပြန်လည် စတင်ဆန္ဒပြ


2012-11-26
မန္တလေးမြို့ကနေ စစ်ကိုင်း ရွာသစ်ကြီးကို ပြောင်းရွှေ့ခံရတဲ့ အတွက် မကျေနပ်လို့ ဆန္ဒပြနေကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်
 (မန္တလေး)က ကျောင်းသားတွေဟာ မနေ့ နေ့လည်ပိုင်းက ပြန်လည် စတင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အပြည့်အစုံသို့ ---------------

Saturday, November 24, 2012

နေပြည်တော်ကို ချီတက်နေတဲ့ မိုးထိမိုးမိ ရွှေလုပ်သား ၄ ဦးဖမ်းဆီးခံရ


2012-11-23
နေပြည်တော်ကို ချီတက်ဆန္ဒပြနေကြတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ခေါင်းဆောင်လေးဦးကို 
ဒီကနေ့ မနက် ၉နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ ရေနီ စက္ကူစက်ရုံနားမှာ အာဏာပိုင်တွေက အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ချီတက်ဆန္ဒပြနေကတဲ့ ရွှေလုပ်သားတွေထဲက အဖမ်းခံရသူတွေကတော့ ကိုနေအောင်ထက်၊ 
ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်းနဲ့ ကိုစောနောင်တို့ ဖြစ်ပါတယ်။




Thursday, December 29, 2011

တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည်

၂၈ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဆည်တစ်ခု  
တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရေအားလျှပ်စစ်ထုတ်ယူမည့်
ဆည်ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် 
ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd  မှ တည်ဆောက်သွားမည်
ဖြစ်သည်ဟု သိရှိရသည်။