Showing posts with label International Trade Union. Show all posts
Showing posts with label International Trade Union. Show all posts

Tuesday, March 13, 2012

အမေရိကန်နဲ့ မြန်မာ အလုပ်သမားရေးရာအဖွဲ့နဲ့ တွေ့ဆုံ


၁၂ရက် မတ်လ ၂၀၁၂ခုနှစ်
အမေရိကန် အလုပ်သမားရေးရာဌာန တာဝန်ရှိသူတချို့ ဟာ မတ် ၁၂ ရက်နေ့ 
ရန်ကုန်မြို့မှာ အလုပ်သမား အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက အလုပ်သမား ဥပဒေနဲ့ အလုပ်သမားရေးရာတွေနဲ့ပတ်သက်ပြီးတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။



Saturday, February 18, 2012

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သွားရောက်

၁၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
သမဂ္ဂစာစဉ်

ITUC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာ
ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့ 
အလုပ်သမားသမဂ္ဂတွေ၊ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့
FTUB ရဲ့အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ 
ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့
အကြီးတန်းရှေ့နေ ဦးမြတ်လှ နဲ့ အလုပ်သမား ၀န်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။

Monday, January 30, 2012

New Zealand Council of Trade Unions ရဲ့ ဥက္ကဌဟောင်း Ross Wilson နဲ့ ဆက်သွယ်မေးမြန်းချက်


၂၉ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ထိုင်းမြန်မာနယ်စပ် မဲဆောက်ကို ၃ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ နယူဇီလန်
အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် New Zealand Council of Trade Unions (NZCTU)
ရဲ့ ဥက္ကဌဟောင်း အခုအချိန်မှာ အလုပ်သမားသမဂ္ဂ အကူအညီပေးရေးအဖွဲ့မှာ အမှုဆောင်
အဖြစ်နဲ့ အလုပ်လုပ်နေတဲ့ Ross Wilson နဲ့ တွေ့ဆုံခွင့်ရပြီး သူ့ရဲ့ မြန်မာနိုင်ငံအပေါ် 
သဘောထားကို မေးမြန်းခွင့်ရခဲ့ပါတယ်။

Thursday, January 26, 2012

နယူးဇီလန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နှင့် FTUB ဆက်ဆံရေး တိုးမြှင့်


၂၆ရက် ဇန်န၀ါရီ ၂၀၁၂ခုနှစ်
နယူးဇီလန်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် New Zealand Council of Trade Unions
(NZCTU) အဖွဲ့ဟာ မနေ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိ လာခဲ့ပြီး 
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့ ပါရမီကျောင်း 
(FTUB ကထောင်ထားတဲ့ကျောင်း) မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နယူးဇီလန်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB နှင့် လာရောက်တွေ့ဆုံ


၂၆ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
နယူးဇီလန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ အစိုးရ ၀န်ထမ်းစာရေး၊ သူနာပြု သမဂ္ဂ၊ 
သတင်းထောက်များ၊ ပညာရေး သမဂ္ဂ၊ အမျိုးသမီးအဖွဲ့ ဆက်ဆံရေး၊ သမဂ္ဂ ဖွံ့ဖြိုးရေး 
အကူအညီပေးသည့် လုပ်ငန်းမှ ကိုယ်စားလှယ် (၉) ဦးသည် ၄င်တို့ ကူညီပံ့ပိုးပေး 
ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များအတွက် ပညာရေး 
လုပ်ငန်းများကို လေ့လာဆန်းစစ်ရန် ထိုင်းနိုင်ငံမဲဆောက် မြို့ကို ယမာန်နေ့က ရောက်ရှိ
လာပါသည်။

Wednesday, January 25, 2012

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံး အမှုဆောင် ညွန်ကြားရေးမှူး Mr.Guy Ryder ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ


၂၄ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အပြည်ပြည်ဆိုင်ရာ အလုပ်သမား
ရေးရာ အဖွဲ့ (ILO) ရုံး အမှုဆောင် ညွန်ကြားရေးမှူး Mr. Guy Ryder ဦးဆောင်သော 
အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့ (၀၉း၀၀) 
နာရီတွင် နေပြည်တောင် ရုံးအမှတ် (၅၁)ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံပါသည်။