၁၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
သမဂ္ဂစာစဉ်
ITUC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာ
ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့
ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့
အလုပ်သမားသမဂ္ဂတွေ၊ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့
FTUB ရဲ့အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊
ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့
အကြီးတန်းရှေ့နေ ဦးမြတ်လှ နဲ့ အလုပ်သမား ၀န်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။
ITUC ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေပြီးတော့ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာပြည်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့သူကတော့ အိုင်အယ်လ်အို လူ့အခွင့်အရေးနဲ့ သမဂ္ဂအခွင့်အရေး ဌာနရဲ့ ညွန်ကြားရေးမှူး Mr. Stephen Benedict ဖြစ်ပြီး ဥပဒေရေးရာအကြံပေး Mr. Jeffrey Vogt နဲ့ အာရှ ပစိဖိတ်ဒေသရဲ့ ဒေသဆိုင်ရာ အကြီးတန်းအရာရှိ Mr. Patuan Samosir လည်းပါဝင်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့ အလုပ်သမား သမဂ္ဂတွေဖြစ်တဲ့ မြန်မာနိုင်ငံစက်မှုဇုန်အလုပ်သမားများသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးနဲ့ တောင်သူလယ်သမားများအဖွဲ့ချုပ် ၊ သတင်းမီဒီယာအလုပ်သမားများသမဂ္ဂ ၊ ချည်မျှင်၊အထည်ချုပ်နဲ့သားရေ အလုပ်သမားများသမဂ္ဂ၊ ဒိုက်ဦးမြို့နယ်အထွေထွေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသမဂ္ဂ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့ FTUB ရဲ့အဖွဲ့ဝင်တွေ အပါအ၀င် FTUB ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးမျိုးအောင်သန့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
တခါ ITUC ရဲ့ကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အကြီးတန်းရှေ့နေ ဦးမြတ်လှနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေ့နေတွေ၊ လယ်သမားတွေ၊ လူငယ်တွေ ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မကြာသေးမီက မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ဥပဒေအသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကိုယ်စားလှယ်အဖွဲ့က ရွေပြည်သာ စက်မှုဇုံကိုသွားရောက်ခဲ့ပါတယ်။ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးမြင့်သိန်းက အလုပ်သမားတွေကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို သွားရောက်လေ့လာခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နေပြည်တော်ကိုသွားပြီး အလုပ်သမား ၀န်ကြီးဌာနရဲ့ အမှုဆောင် ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ အလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်း၊ အကျဉ်းထောင်ဥပဒေနဲ့ အလုပ်သမား နည်းဥပဒေများ အပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်း ရွေဂုံတိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ အားပေးတဲ့အကြောင်းနဲ့ ITUC ရဲ့အထွေထွေအတွင်းရေးမှူးချုပ် Sister Sharan Burrow ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် သ၀ဏ်လွာပေးပို့တာကို ပြောကြား ဆွေးနွေးခဲ့ကြပါတယ်။
ပြီးတော့ ကိုယ်စားလှယ်အဖွဲ့ဟာ လှိုင်သာယာစက်မှုဇုန်ကိုသွားပြီးတော့ အလုပ်သမားတွေလုပ်နေတဲ့ လုပ်ငန်းခွင်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။
No comments:
Post a Comment