Sunday, February 26, 2012

တောင်သူလယ်သမားများဘဝ တိုးတက်ရေးနှင့် လယ်ယာစီးပွားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ


၂၅ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာမှာ ဖေဖော်ဝါရီလ ၁၉ရက်နေ့က 
တောင်သူလယ်သမားများ ဘဝ တိုးတက်ရေးနှင့် လယ်ယာစီးပွားဖွံ့ဖြိုးရေး နှီးနှော
ဖလှယ်ပွဲကို တောင်သူလယ်သမားများ ဘဝ တိုးတက်ရေး အင်အားစုက ကြီးမှူး
ကျင်းပခဲ့ပါတယ် ၊ လေးမျက်နှာမြို့ဝန်းကျင် ကျေးရွာများမှ လယ်သမားအင်အား ၈၀၀ 
ခန့် တက်ရောက်ခဲ့ကြပါတယ် ။ လယ်သမားကိစ္စ လယ်သမားအခွင့်အရေး ကာကွယ်
မြှင့်တင်ရေး ကိစ္စများကို အစဉ်တစိုက် ဆောင်ရွက် နေသော ရှေ့နေ ကိုဖိုးဖြူလည်း 
တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

No comments:

Post a Comment