Saturday, February 18, 2012
လှိုင်သာယာ အလုပ်သမားသပိတ် တရားရုံး ရောက်မည်
၁၇ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဆန္ဒပြမှုဟာ ဥပ​ဒေ​ကြောင်း​အရ ကြိုးစား​မယ့်​ ပုံစံ​ပြောင်း​လဲသွား​ပြီး​ ​နောက်ထပ် 
မ​ရေမရာ အ​ခြေအ​နေမှာ ရှိ​နေပါတယ်။
လုပ်အား ​ခ တိုး​မြှင့်​ပေး​ရေး​မှာ အလုပ်ရှင်နဲ့ အလုပ်သမား​တွေအကြား​ ​ဆွေး​နွေး
ညှိနှိုင်း​လို့ မရ​တော့​တာ​ကြောင့်​ ဥပ​ဒေ​ကြောင်း​အရ ​ဖြေရှင်း​ဖို့​ ကြိုးစား​တာလို့
တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့​တဲ့​ ဆန္ဒပြအလုပ်သမား​ ​ခေါင်း​ဆောင် 
တဦး​ဖြစ်တဲ့​ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။
No comments:
Post a Comment