Saturday, February 25, 2012

မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်(စ်) ပိုက်လိုင်းကြောင့် ပျက်

၂၄ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ထွက်ရှိတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ကို  
တရုတ်ပြည်ကို သယ်ယူနိုင်ရန် အတွက် ဓာတ်ငွေ့လိုင်းနဲ့ ရေနံ ပိုက်လိုင်းတွေ 
ချဖို့ မကွေးတိုင်း စကုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့
စိုက်ခင်းတွေပေါ်မှာ မြောင်းတွေ ဖောက်လုပ်နေတဲ့ အတွက် ယာမြေတွေနဲ့ သီးနှံတွေ 
ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ် နေပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပါဝင်နေတဲ့ ယာမြေတွေ အတွက်
လျော်ကြေးပေးမယ် ဆိုပေမဲ့ ဆုံးရှုံးတဲ့ ပမာဏနဲ့ ပေးလျော်တဲ့ ငွေကြေး မမျှတတာကြောင့်
တောင်သူတွေက မကျေမနပ် ဖြစ်နေ ကြပါတယ်။ 

No comments:

Post a Comment