Saturday, February 18, 2012

တိုင်ရီ အလုပ်သမားများ ဆက်လက် သပိတ်မှောက်နေ


၁၇ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုံ (၃)ရှိ တိုင်ဝမ်နိုင်ငံသားပိုင် တိုင်ရီဖိနပ် စက်ရုံမှ
တောင်းဆိုချက် အတိုင်း မရသည့်အတွက် ဆက်လက် ဆန္ဒပြ သွားမှာဖြစ်ပြီး အလုပ်ရှင်
ကိုလည်း တရားစွဲမည်ဟု အလုပ်သမား အရေးကို အကူအညီပေးနေတဲ့ ရှေ့နေ 
 ဦးဖိုးဖြူက ပြောပါသည်။
အထူးသဖြင့် ကျွမ်းကျင် အလုပ်သမားများနှင့် နှစ်ရှည် အလုပ်သမားများက 
မကြေနပ်ကြခြင်းဖြစ်ပါသည်။ ၄င်းတို့သည်၊ အလုပ်သမားများကို တလတသောင်းကျပ်  
တိုးပေးခဲ့သော်လည်း၊ တလအတွင်း အလုပ်ရက်(၂၆)ရက် လုံးလုံး အလုပ်ဆင်း 
ပေးရမည့်အပြင် အလုပ်ပိတ်ရက်၌လည်း လစာထဲထပ်ဖြတ်သည့်အတွက်  
မကြေနပ်ကြခြင်းဖြစ်ပါသည်။

No comments:

Post a Comment