Saturday, February 25, 2012
မြစ်ဆုံရေကာတာစီမံကိန်းအနီးတွင် ရွာသားများ ပြန်လည်အခြေချ
၂၄ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ပြောင်း​ရွေ့​ခဲ့​ရတဲ့​ ရွာသား​ရာ​ပေါင်း​များ​စွာက သူတို့​ရဲ့​ မူလရွာမှာ ပြန်လည်အ​ခြေချ​နေကြပြီလို့
သိရပါတယ်။ လော​လောဆယ် ရပ်ဆိုင်း​ထား​တဲ့​ မြစ်ဆုံစီမံကိန်း​ရဲ့​ ​တောင်ဘက် ၁ မိုင်အကွာမှာ
ရှိတဲ့​ ​တောင်ထွက်ရွာက မိသား​စု​တွေဟာ၊​ ၂၀၁၀ နှစ်ကုန်ပိုင်း​က ၇ မိုင်အကွာကို အဓမ္မ 
အ​ပြောင်း​ခံခဲ့​ရပြီး​တဲ့​နောက် အခု​တော့​ နဂို​နေရာကို ပြန်လာတာကြတာပါ။
No comments:
Post a Comment