Thursday, February 23, 2012

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးရက်ကို ဇွန်လ ၁၄ ရက်နေ့ထိ ပြင်ဆင်တိုးမြှင့် သတ်မှတ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ဇွန်လ ၁၄ ရက်နေ့တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးကြမည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိ


၂၃ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ဇွန်လ ၁၄ ရက်နေ့တွင် အလုပ်လုပ်ခွင့် သက်တမ်း
ကုန်ဆုံးကြမည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ
၏ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များ ပြီးပြတ်အောင် ဆောင်ရွက်နိုင်စေရန် အတွက် 
အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်း ကုန်ဆုံးရက်ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၄ 
ရက်နေ့သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း ယခုလ ၁၃ ရက်နေ့က ထုတ်ပြန် သော  
ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သိရှိရသည်။

No comments:

Post a Comment