Wednesday, February 22, 2012

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြမှု ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံး တက်ပြီ

၂၁ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရန်ကုန်တိုင်း လှိုင်သာယာစက်မူဇုံ အမှတ် ၃ က တရုတ်သူဌေးပိုင်  တိုင်ရီဖိနပ်
စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတာဟာ ခုဆိုရင် 
၁၀ရက် ကျော် သွားခဲ့ပါပြီ။ ခုချိန်ထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ 
ညှိနှိုင်းလို့ မရသေးတာ ကြောင့် အလုပ်သမားတွေ အလုပ်ပြန်မဆင်းကြသေးပါဘူး။ 
အလုပ်သမားတွေက ဒီိပြဿနာကို ဥပေဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့အတွက် 
ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးဆီ တိုင်ကြားနိုင်ဖို့ အလုပ်သမားခေါင်းဆောင်တွေ
ရှေ့နေတွေနဲ့ ဒိကနေ့ တိုင်ပင် ခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် 
VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment