Sunday, February 19, 2012

စိုက်ပျိုးရေး မဖြစ်ထွန်း၍ ဒုံသမိချောင်းအနီးမှ ဒေသခံများ စားဝတ်နေရေးထိခိုက်


၁၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဒုံသမိချောင်းနံဘေး အနီးအနားအခြေစိုက် အရှေ့ဘက်ခြမ်း ကရင်ပြည်နယ် 
ဖားအံမြို့နယ်နှင့် အနောက်ဘက်ခြမ်း မွန်ပြည်နယ် ဘီးလင်းမြို့ နယ်ရှိ ကရင်
ကျေးရွာများသည် စိုက်ပျိုးရေး မဖြစ်ထွန်း၍ စားဝတ်နေရေး ထိခိုက်နေရဟု 
သိရသည်။
ထိုကျေးရွာများရှိ ဒေသခံများသည် ၀င်ငွေအတွက် ရောင်းရန်သော်လည်းကောင်း၊  
စားသုံးရန်အတွက်သော်လည်းကောင်း နှစ်စဉ် စိုက်ပျိုးချိန် ရာသီရောက်တိုင်း 
စိုက်ပျိုးလျှက်ရှိသည့် စပါး၊ ပဲလွန်း၊ ပဲတီနှင့် နှမ်း အထွက်နှုန်းသည် ယခင်နှစ်များထက် 
အလွန်လျော့ကျခဲ့ခြင်းကြောင့် စား ၀တ်နေရေး ထိခိုက်ရခြင်းဖြစ်သည်။

No comments:

Post a Comment