Thursday, February 23, 2012

တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်း ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ပါဝင်သည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ မြေနေရာများကို လျောက်ကြေးပေးရန် သတ်မှတ်


၂၃ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်း ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ သွယ်တန်းရန် 
အမ်းမြို့ နယ်အတွင်းရှိ မြေနေရာများအား လျော်ကြေးပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင်
ဇန်န၀ါရီလက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ က ပိုက်လိုင်းဖြတ်သန်းရာတွင် 
ပါဝင်သည့် လယ်မြေများအတွက် လျော်ကြေးငွေပေးရန် အမြဲသိမ်း မြေနေရာများအတွက် 
ငါးနှစ်တာလျော်ကြေး၊ ယာယီသိမ်း မြေနေရာများအတွက် သုံးနှစ်တာ လျော်ကြေးပေးမည်ဖြစ်ပြီး 
အဆိုပါနေရာများတွင် လယ်မြေ၊ ဥယျာဉ်ခြံ၊ ငါးပုစွန်ကန်များအတွက် အချိုးအစားလိုက် 
သတ်မှတ်ပေးမည် ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

No comments:

Post a Comment