Tuesday, February 28, 2012

အတင်းအဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းသူကို အရေးယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား


၂၇ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
အသက် ၁၇ နှစ် အရွယ်အမျိုးသမီးငယ်ကို ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအဓမ္မ 
ပည့်တန်ဆာ လုပ်ခိုင်းသူကို အရေးယူ ဆောင်ရွက်ပေးဖို့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးမှာ 
ကာယကံရှင်ကိုယ်တိုင် သွားရောက် တိုင်တန်းပါတယ်။ အခင်း ဖြစ်ပွားပုံကတော့ 
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာနေတဲ့ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို 
ဒေါ်တော်စပ်သူက ကျောင်းထားပြီး ကျွေးမွေးပြုစုမယ်ဆိုပြီး ခေါ်ဆောင်သွားတာပါ။
မနှစ်ဇွန်လမှာ လိုက်ပါသွားခဲ့ပြီးနောက် အဒေါ်ကိုယ်တိုင်က ကျောင်းထားပေးဘဲ 
အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းတာလို့ ကာယကံရှင်ကိုယ်တိုင်က ပြောပါတယ်။

No comments:

Post a Comment