Wednesday, February 22, 2012

နမ္မတီးဈေးတွင် ဈေးစည်ပင် ငွေတိုးမြှင့်ကောက်ခံ

၂၁ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဈေးမှာ စည်ပင်သာယာက ပျံကျဈေးသည်တွေ 
ဆီကနေ ဈေးကောက်တွေကို ၂ ခါ ကောက်ခံနေပါတယ်။ အဲဒီလို ကောက်ခံနေတဲ့အပြင်
ဈေးအတွင်းမှာ ရောင်းချနေတဲ့ မှတ်ပုံတင် ဆိုင်ခန်းခတွေကိုလည်း တိုးမြှင့်ကောက်ခံတယ်လို့ 
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု
မိုးကောင်းမြို့နယ် အမတ် ဦးမြတ်မိုးမြင့်က ပြောပါတယ်။

No comments:

Post a Comment