Wednesday, February 22, 2012

ကချင်ပြည်သူများ၏စပါး မြန်မာအစိုးရတပ်က မီးရှို့ဖျက်ဆီး


၂၁ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ၀ိုင်းမော်မြို့နယ်အတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ဒေသခံပြည်သူများ၏ ကောက်သစ်စပါးတင်း 
၁၅၀ ကျော်အား မြန်မာအစိုးရတပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု မျက်မြင်များ
ပြောသည်။ဖေဖော်ဝါရီလ (၁၆)နှင့် (၁၇) ရက်၌ မလီးယန်ကျေးရွာသို့ဝင်
ရောက်လာသည့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၈၈) လက်အောက်ခံ 
အစိုးရစစ်ကြောင်းက ကောက်သစ်စပါးကျီများကို မီးရှို့ဖျက်ဆီးသွားကြသည်။

No comments:

Post a Comment