Wednesday, February 27, 2013

လိုင်ဇာမြို့ကို လမ်းလျှောက်သူများ အဖွဲ့ဝင်အင်အား ထပ်မံတိုးလာ



25-Feb-12
http://www.rfa.org/burmese/news/laiza-working-develop-02252013103830.html
ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့ အမာခံလမ်းလျှောက်  
အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင်
 အဖွဲ့ဝင်အင်အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ 
အဖွဲ့ဝင်အင်အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။

 

အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင် ဖမ်းမိ



26-Feb-12

http://burmese.dvb.no/archives/36840 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရော်ကသေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာနိုင်ငံသား ၃ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

အပြည့်အစုံသို့---

ဟံသာဝတီယာဉ် စခန်းပြောင်းရွှေ့ခိုင်းမှု ကန့်ကွက်ဆန္ဒပြ



26-Feb-13

http://burmese.dvb.no/archives/36892

ရန်ကုန်မြို့တော် စည်ပင်သာယာအနေနဲ့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေး 

စခန်း (ကြံတောသင်္ချိုင်းဟောင်း) မှာ အခြေချ လုပ်ကိုင်နေတဲ့ မော်တော်ယာဉ်

 ရောင်းဝယ်ရေး သမားတွေကို ဒီလ ၂၈ရက်နေ့ ပြောင်းခိုင်းမှုနဲ့ ပတ်သတ်လို့

 ကားသမား ၁၀၀၀ ၀န်းကျင်က မပြောင်းလဲလိုကြောင်း 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

မအူပင်က လယ်သမားများ ပုဒ်မ ၁၄၄ဖြင့် ဟန့်တားခံရ




26-Feb-13

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မထတ်တိုကျေးရွာအုပ်စု

ထဲက သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရရေး တောင်းဆိုနေတဲ့ 

လယ်သမား ၅၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ခန့် ဒီနေ့ 

ထိပ်တိုက်တွေ့နေပြီး အစိုးရက လူစုခွဲဖို့ ပုဒ်မ ၁၄၄ 

ထုတ်ပြန်လိုက်ပါတယ်။

အပြည့်အစုံသို့---

Saturday, February 23, 2013

“လုပ်သားပြဿနာ ပြေလည်ရန် အလုပ်ရှင်တို့နှင့် တွေ့ဆုံသွားမည်ဟု သမ္မတရုံး ၀န်ကြီးပြောကြား”



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

Popular Myanmar News Journal

အလုပ်သမားများ၏ ပြဿနာများ ပြေလည်စေရန် အလုပ်ရှင်များနှင့်
 တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။အလုပ်ရှင်တွေရယ်၊ လေဘာယူနီယမ်၊ 
အစိုးရရယ် ပူးပေါင်းဆောင်ရွက်ရင် အလုပ်သမားပြဿနာက
 ပြေလည်နိုင်ပါတယ်ဟု ဦးစိုးသိန်းက ပြောသည်။

သမ္မတရုံးဝန်ကြီးများနဲ့ အလုပ်သမား လယ်သမား အဖွဲ့အစည်း ၄၆ ဖွဲ့တွေ့ဆုံ



23-Feb-12
ဒီကနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှာ သမ္မတရုံး ဝန်ကြီးတွေ အပါအဝင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နောက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းတို့နဲ့ အလုပ်သမား လယ်သမား အရေး ဆောင်ရွက် နေကြတဲ့ အဖွဲ့ ၄၆ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပါတယ်။

Friday, February 22, 2013

2013 Feb 21 Support meeting between Union Peace Committee and UNFC (Eng)

2013 Feb 21 Support Meeting Between Union Peace Committee and UNFC (Eng) by ftubinformationdep

သိမ်းထားသည့် လယ်မြေများ တပ်က ဘယ်လိုပြန်ပေးမလဲ


21 Feb 2013

စီမံကိန်းများ အတွက် အသုံးပြုရန် ဟု ဆိုကာ တပ်မတော်က သိမ်းဆည်းထားသည့်  
လယ်ယာမြေ များကို တောင်သူ လယ်သမားများ သို့ ပြန်ပေးနိုင်ရန် စီစဉ်နေသော်လည်း  
 ပြန်ပေးအပ်နိုင်မည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ 
ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

အပြည့်အစုံသို့ ------------

မြန်မာ့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ခေတ္တရပ်ခြင်းက ထိုင်းလျှပ်စစ် ဖူလုံမှုအား စိန်ခေါ်နေ



22 Feb 2013

စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့
 လုပ်ကွက် နှစ်ခုကို ဧပြီလ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်စဉ်ပြုနေကျ ကြံ့ခိုင်မှု
 စစ်ဆေးရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချိန်ဖြစ်၍ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓါတ်ငွေ့များကို ခေတ္တရပ်ဆိုင်းရမည် ဖြစ်ကာ ထိုင်းနိုင်ငံ လျှပ်စစ်မီး
ဖြန့်ဖြူးပေးနိုင်ခြင်းအပေါ် သက်ရောက်မှုများ ရှိနိုင်သည်ဟု ထိုင်း စွမ်းအင် 
ဝန်ကြီးဌာန ပြောသည်။

အပြည့်အစုံသို့ ------------

မဲဆောက်မြို့ မီးဘေးသင့်သူများကို JACBA သွားရောက်လှူဒါန်း


21 Feb 2013

ထိုင်းနိုင်ငံ မဲဆောက်မြို့၊ တီကေလေး CMC သိုးမွှေးစက်ရုံဟောင်းတန်းလျားရှိ မီးဘေးသင့် 
အလုပ်သမား မိသားစု ၂၄စုအတွက် မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး 
ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့မှ ယမန်နေ့က ဘတ်ငွေ ၁သောင်းခွဲတန်ကြေးရှိသည့်
အလှူတစ်ခု သွားရောက်လှူဒါန်းခဲ့သည်။

အပြည့်အစုံသို့ -----------


အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ


22 Feb 2013

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် 
ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် 
အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ 
ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

အပြည့်အစုံသို့ -------------