Showing posts with label manual worker. Show all posts
Showing posts with label manual worker. Show all posts

Friday, December 30, 2011

ဖားကန့်  ရေမဆေးကျောက်သမားများ ဖမ်းဆီးခံရ

၂၉ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ကချင်ပြည်နယ် ဖားကန့် ကျောက်တွင်းဘက်မှာ ကျောက်တူးသမားတွေကို အာဏာပိုင်တွေက 
လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဝေခါမှော်သစ်ကုန်း ကျောက်စိမ်းတွင်းမှာ မြန်မာတကောင်း 
ကုမ္ပဏီခေါ် ဟုန်ပန်း ကုမ္ပဏီရဲ့ ကျောက်တူးဖော်ရေး လုပ်ကွက်က စွန့်ပစ် မြေစာပုံထဲကနေ
အဖိုးတန်​​ ကျောက်တလုံးကို ရေမဆေး ကျောက်ရှာသမားတွေက ရှာဖွေရရှိသွားတာကို 
ကုမ္ပဏီက နယ်မြေခံ စစ်တပ်နဲ့ပေါင်းပြီး လာရောက် သိမ်းသွားရာက ပြဿနာ စတင်တဲ့
ကြောင်း ဒေသခံ ကျောက်ကုန်သည်တဦးက ပြောပါတယ်။


Saturday, December 3, 2011

ထိုင်းရေဘေး အတွက် မဲဆောက် မြန်မာအလုပ်သမားတွေလည်း လှူ

၂ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ထိုင်းနိုင်ငံဘန်ကောက်ရှိ ရေဘေးဒုက္ခသည်များအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်
ဒေသမှမြန်မာ အလုပ်သမားများက စားသောက်ကုန်များနှင့်ငွေသားများအပါအ၀င် ထိုင်းဘတ်ငွေ 
၄၅၀၀၀ ခန့်ရှိအလှူပစ္စည်းများကို မဲဆောက်မြို့ပိုင်မှတဆင့် ယနေ့ ပေးအပ်လှူဒါန်း သည်။

စားသောက်ကုန်၊ ဆေးဝါးအပါအ၀င် ထိုင်းဘတ်ငွေ ၂၅၇၀၀ အနက် ငွေသားများကို မဲဆောက်
မြို့ပိုင်နိုင်ပရီချာကျိုင်ဖက်နှင့် ဘန်ကောက် မဟာချိုင်းဒေသတွင် ရေဘေးကူညီမှုများပြုလုပ်
နေသည့်ရွှေတွံတေးဝ ဆရာတော် ဦးဝါယမထံသို့ ထက်ဝက် စီပေးအပ်လှူဒန်း ခြင်းဖြစ်သည်။

Wednesday, November 30, 2011

ကျိုက်ထီးရိုး အထမ်းသမားများ ဝင်ငွေလျှော့


၂၉ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
ကျိုက်ထီး ရိုးဘုရားဖူးရာသီရဲ့ အစည်းကားဆုံးအချိန်ကို ရောက်နေပေမယ့် အထမ်းသမားတွေနှင့်  
ဈေးသည်တွေရဲ့ ဝင်ငွေ ကျဆင်းသွားနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
 
ဒီနှစ်ဘုရား ဖူး ရာသီအစ သီတင်းကျွတ်လပြည့်ကစလို့ ဘုရားဖူးယာဉ်တွေအားလုံး တောင်ခြေ 
(ကင်ပွန်းစခန်း) ကနေ ရင်ပြင်တော် အရောက် ပြေးဆွဲနေကြတာကြောင့် အဆင်မပြေ ဖြစ်ရတာလို့
သေ့တောင်ကားဝင်းက ဈေးသည်တဦးက ပြောပါတယ်။