Tuesday, July 31, 2012

လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်


၃၀ရက် ဇူလိုင်လ ၂၀၁၂ခုနှစ်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို 
စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  
ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

လယ်သိမ်းခံရပြီး နစ်နာကြေးမရတဲ့ လယ်သမားတွေ ဆန္ဒဖော်ထုတ်


၃၁ရက် ဇူလိုင်လ ၂၀၁၂ခုနှစ်
အယ်ဒီတာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အတွင်းက ရွာပေါင်း ၄ ရွာက လယ်ဧက ၄၀၀ ကျော် 
နစ်နာကြေးမရဘဲ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေက လယ်ယာမြေပြန်ရရေးအတွက် 
မနေ့က လယ်သမား (၁၀၀) ကျော် ဆိုင်းဘုတ်ကိုင်ပြီး ပထမအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။


လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု ကွန်ယက်ကြီးအကြောင်း ပေးစာများ


၃၀ရက် ဇူလိုင်လ ၂၀၁၂ခုနှစ်
ကျနော်ဟာ လျှပ်စစ်(၁) ၀န်ကြီးဌါနက အရာထမ်းတဦး ဖြစ်ပါတယ်။ ကျနော်တို့ ဌါနက 
ဝန်ထမ်းရေးရာ ရာထူးတိုး အပြောင်းအရွေ့ မသမာမှုတွေ အကြောင်း ပြောချင်ပါတယ်။ 
ဝန်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှုးတို့ဟာ ၄င်းတို့နဲ့ နီးစပ်ရာ ဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ ရာထူးတိုး မြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် 
သိန်း ၂၀၀ -၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

စပီရူလိုင်းနားဆေးဝါးစက်ရုံ တည်ဆောက်ဖို့ အစိုးရက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေ ပြန်ရရေးအတွက် တောင်သူလယ်သမားတွေ ဆန္ဒပြတောင်းဆို

အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ


၃၀ရက် ဇူလိုင်လ ၂၀၁၂ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။       ။ လောင်စာဆီ အလွဲသုံးစားမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ 
မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲလိုက်သည်ဟု မိုးညှင်းမြို့နယ်မှ အမည်မဖေါ်လိုသူ 
မီးရထားဝန်ထမ်းများက မဇ္ဈိမကို ပြောသည်။

ငွေလဲနှုန်းဒဏ်ကို အောက်ခြေဆင်းရဲသားများ အဆိုးဆုံး ခံစားနေရ


၃၀ရက် ဇူလိုင်လ ၂၀၁၂ခုနှစ်
မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့နေရာမှာ မြန်မာကျပ်ငွေ တန်ဖိုးမြင့်မားနေတဲ့ ဂယက်ကို အဆိုးဆုံးခံစားရတဲ့သူတွေက အောက်ခြေက ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်တဲ့ ဆင်းရဲသားတွေ
 ဖြစ်တယ်လို့ သိရပါတယ်။