Showing posts with label violation of workers' rights. Show all posts
Showing posts with label violation of workers' rights. Show all posts

Saturday, June 9, 2012

ချည်မျှင်နဲ့ဆေးဆိုးစက်ရုံ အလုပ်သမား ၆၀၀ လစာတိုးပေးရေး ဆန္ဒပြ


၈ရက် ဇွန်လ ၂၀၁၂ခုနှစ်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်သွားတဲ့ လမ်းဘေးမှာရှိတဲ့ 
နယူးစတုန်း ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမား (၆၀၀) လောက် 
ဒီကနေ့မနက်ပိုင်းမှာ လုပ်ခလစာ တိုးပေးရေး ဆန္ဒပြ တောင်းဆိုတယ်လို့ စုံစမ်းသိရပါတယ်။

Friday, June 17, 2011

စိုက်ပျိုးစရိတ် ချေးငွေရရှိရေး အာဏာပိုင်ကို လာဘ်ထိုးရ


Thursday, 16 June 2011 18:53
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အတွင်းရှိ စိုက်ပျိုးစရိတ်ချေးငွေ ရရှိလိုသော တောင်သူများသည် သက်ဆိုင်ရာ ကျေးရွာအုပ်စုပိုင် အုပ်ချုပ်ရေးမှူးများအား ငွေပေးကြရကြောင်း သတင်းရရှိသည်။
မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့များ အပါအ၀င် သာယာဝတီခရိုင်အတွင်းရှိ လယ်သမားများ လယ်မြေ ၅ ဧကပိုင်ဆိုင်သူ လယ်သမားတဦးလျှင် ၂၀၀၀ ကျပ် ပေးသွင်းရပြီး ၅ ဧကအထက် ပိုင်ဆိုင်သူမှာ ၂၅၀၀ ကျပ်ကို လယ်သမား မှတ်ပုံတင်နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင် ပေးသွင်းမှသာ ချေးငွေရရှိကြောင်း တောင်သူများထံမှ သိရသည်။

Wednesday, June 15, 2011

စာမေးပွဲခန်းစောင့် တာဝန်ပေါ့လျော့မှုကြောင့် ဆရာ ဆရာမများ အရေးယူခံရ


2011-06-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ်မှာ မြို့ နယ် ပညာရေးမှုး အပါအ၀င် မူလတန်းပြ ဆရာ ၊ ဆရာမ ၆၃ ယောက်ကို စာမေးပွဲအခန်းကို ကြီိးကြပ်ရာမှာ ပေါ့လျော့ခဲ့တယ် ဆိုပြီး ဗဟို အစိုးရ ပညာရေး ၀န်ကြီးဌာနက စစ်ဆေးပြီးနောက် ၄၅ ဦးကို အရေးယူလိုက် ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဗဟို အစိုးရ ပညာရေး ဌာနက ထုတ်ပြန်တဲ့ အမိန့်စာမှာ တောင်ကုတ် မြို့နယ် ပညာရေးမှုး ဦးထွန်းမြတ် ကို အငြိမ်းစား ပေးလိုက်တာဖြစ်ပြီး၊ ကျန်စာမေးပွဲခန်း စောင့်တဲ့ မူလတန်းပြ ဆရာ ဆရာမတွေကို ပြည်နယ် အတွင်း တခြားမြို့ နယ်တွေကို ပြောင်းရွေ့ လိုက်တယ်လို့ သိရပါတယ်။