Wednesday, June 15, 2011

စာမေးပွဲခန်းစောင့် တာဝန်ပေါ့လျော့မှုကြောင့် ဆရာ ဆရာမများ အရေးယူခံရ


2011-06-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ်မှာ မြို့ နယ် ပညာရေးမှုး အပါအ၀င် မူလတန်းပြ ဆရာ ၊ ဆရာမ ၆၃ ယောက်ကို စာမေးပွဲအခန်းကို ကြီိးကြပ်ရာမှာ ပေါ့လျော့ခဲ့တယ် ဆိုပြီး ဗဟို အစိုးရ ပညာရေး ၀န်ကြီးဌာနက စစ်ဆေးပြီးနောက် ၄၅ ဦးကို အရေးယူလိုက် ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဗဟို အစိုးရ ပညာရေး ဌာနက ထုတ်ပြန်တဲ့ အမိန့်စာမှာ တောင်ကုတ် မြို့နယ် ပညာရေးမှုး ဦးထွန်းမြတ် ကို အငြိမ်းစား ပေးလိုက်တာဖြစ်ပြီး၊ ကျန်စာမေးပွဲခန်း စောင့်တဲ့ မူလတန်းပြ ဆရာ ဆရာမတွေကို ပြည်နယ် အတွင်း တခြားမြို့ နယ်တွေကို ပြောင်းရွေ့ လိုက်တယ်လို့ သိရပါတယ်။ 



No comments:

Post a Comment