Wednesday, June 8, 2011

လှိုင်သာသာမှာ အထည်ချုပ် စက်ရုံအလုပ်သမားတွေဆန္ဒပြ

၂၀၁၁ခုနှစ် ဇွန်လ(၇)ရက် 

အလုပ်သမား ၃၀၀ ရှိတဲ့ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ Tailor Garment အထည်ချုပ်စက်ရုံမှာ တနလာင်္နေ့ကစပြီး ဆန္ဒပြနေတာ အခုဆို (၂)ရက်ကြာရှိ သွားပါပြီ။

ရတဲ့လစာနဲ့ အလုပ်လုပ်ရတာ မတန်တဲ့အတွက် မကျေနပ်ကြ ရာကနေ အလုပ် သမားတစ်ရာ့တစ်ဦး အလုပ်ချိန်မှာ အလုပ်မဆင်းပဲ စက်ရုံရှေ့မှာ ရပ်ပြီးဆန္ဒပြခဲ့  ကြတာပါ။

လုပ်ခလစာ နည်းလွန်းတာအပြင် ၂လ တိတိ တနင်္ဂနွေေ ပိတ်ရက် လုံးဝ မရတာ မျိုး။ တနေ့ကို အချိန်ပိုကြေးသုံးနာရီ လုပ်ရပြီး အချိန်ပို တစ်နာရီကို ၄၅ ကျပ်နှုန်း နဲ့ပဲ ရှင်းပေးတာမျိုးတွေ ရှိနေပြီး အဆိုးဝါးဆုံးနဲ့မကျေနပ်မှုတွေကို ဖြစ်ပေါ်လာစေ တဲ့ အဓိက အချက်ကတော့ တစ်ရက်ကို မိုးကဖျင် အထည်လေးရာမချုပ်နိုင်ရင် လစာဖြတ်တာမျိုး ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့ နေ ဦးဖိုးဖြူက ဘီဘီစီကို ပြောပါတယ်။

အပြည့်အစုံသို့

No comments:

Post a Comment