Monday, June 27, 2011

လယ်ကွင်းထဲ ရေလျှံမှုကြောင့် ဧက ထောင်ချီပျက်စီး


Published on June 27, 2011
ရန်ကုန်တိုင်း ကော့မှူးနဲ့ ကွမ်းခြံကုန်း မြို့နယ်တွေမှာ မိုးများပြီး ဆည်ရေတင်ပြီး 
လယ်ကွင်းထဲ ရေလျှံတာကြောင့် စပါးတွေ ပျက်စီးကုန်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။
ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်ကြားက တည်ဆောက်ထားတဲ့ ရေလှောင်တမံမှာ 
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတွေ ပြည့်လျှံနေသလို ငါးလုပ်ငန်း ဦးစီးဌာနကလည်း 
အဲဒိဒေသမှာ ငါးပုစွန် လုပ်ကိုင်ခွင့်ပေးထားတာကြောင့် ရေတွေ မဆင်းနိုင်ဘဲ 
ထွက်ပေါက်ပိတ်နေတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment