Monday, June 20, 2011

မြေနုကျွန်းခွဲဝေရေးကိစ္စ ဆောင်ရွက်ပေးရန် ပဲခူးက လယ်သမားများ တောင်းဆို


 
Published on June 18, 2011 နေသွင်
တောင်ပိုင်းတိုင်း စစ်တိုင်းမှုးဘ၀တုန်းက မပြီးပြတ်သေးတဲ့ မြေနုကျွန်းခွဲဝေရေး ကိစ္စကို ဆက်လက်ဆောင်ရွက်ပေးဖို့ မြေယာမဲ့ ၆၃ ဦးက ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို ဆီကို စာပို့တောင်းဆိုလိုက်ကြပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ် တိုင်းမှူးဘ၀မှာ ဗိုလ်ချုပ်ကိုကိုက စစ်တောင်းမြစ်ထဲက မြေနုကျွန်းတွေကို ပဲခူးတိုင်း၊ ဝေါမြို့နယ် စပ်စုကျေးရွာက လယ်သမား ၆၃ ဦးကို တဦးကို နှစ်ဧကနှုန်း ခွဲဝေပေးဖို့ တိုင်းလက်အောက်ခံ ခရိုင်နဲ့ မြို့နယ်၊ ကျေးရွာ အဆင့်ဆင့်ကို ညွှန်ကြားခဲ့ပေမယ့် အခုအချိန်အထိ မရသေးတာကြောင့် အခုလို စုပေါင်းလက်မှတ်ထိုးပြီး အကြောင်းကြားလိုက်ကြတာပါ။

No comments:

Post a Comment