Friday, June 17, 2011

မြန်မာ ၁၇၀ ကျော် ထိုင်းမှာ အဖမ်းခံရ


သန်းထိုက်ဦး၊ ဇွန် ၁၆၊ ၂၀၁၁
ထိုင်းမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်သမား လက်မှတ်တွေ မနေ့ကနေ စတင်ပြီး တလတာ အတွင်း လုပ်ပေးနေပါပြီ။ ဒီလို လုပ်ပေးနေတုန်း အလုပ်သမား လက်မှတ်ရဖို့ ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေ၊ ပြည်နယ် တခုကနေ တခုကို ကူးတဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံကြရတာ ဒီရက်ထဲ ခဏခဏ ကြားနေရပါတယ်။
အခုလည်း အလုပ်သမားလက်မှတ်ရဖို့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

No comments:

Post a Comment