Thursday, June 9, 2011

ဦးပိုင်က ကော့စတစ် စက်ရုံအတွက် လယ်သိမ်းပြန်ပြီ


၂၀၁၁ခုနှစ် ဇွန်လ (၈)ရက် မကွေးတိုင်း ကံမမြို့မှာ ဦးပိုင်ကုမ္မတီက ကော့စတစ်ဆော်ဒါစက်ရုံ တည်ဆောက်ရေး အတွက် တောင်သူတွေရဲ့ဓားမဦးချ မြေဧက ၂၀၀ ကို သိမ်းပိုက်ယူငင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီလယ်မြေသိမ်းပိုက်မှုကို တရားဝင်ဖြစ်အောင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက လိုက်ပါဆောင်ရွက်နေတယ်လို့ လယ်သိမ်းဖို့ လျာထားခံရတဲ့ လယ်မြေသမားတွေက ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ကျောထောက်နောက်ခံ ရင်းနှီးမြုပ်နှံထားတဲ့ ဦးပိုင်ကုမ္ပဏီဟာ မကွေးတိုင်း ကံမမြို့စစ္စရံ  ကျေးရွာမှာ ကော့စတစ်စက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ပြန်လည်စတင်နေပါတယ်။

No comments:

Post a Comment