2011-06-05
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အကြိမ် (၁ဝဝ) မြောက် ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေ ရာမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။
ILO ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ကိစ္စ အပါအဝင်၊ ကလေးစစ်သား အဓမ္မ စုဆောင်းမှုနဲ့ မြေယာ သိမ်းဆည်းခံရတဲ့ ကိစ္စတွေကို ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကတော့ အခြေအနေတွေ တိုးတက်အောင် ILO နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။ဆက်လက်ဖတ်ရန်
No comments:
Post a Comment