Wednesday, June 22, 2011

သမ္မတက လယ်ယာသုတေသန လုပ်သည်ဟုဆို


ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန်သည် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို သုတေသန ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်က ရေးသားထားသည်။နေပြည်တော်ရှိ စံပြလယ်ယာစိုက်ကွင်းများ၌ လယ်စိုက်ပျိုးကာ သုတေသန လုပ်နေသည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ကျင်းပသည့် လယ်ယာသုံး ပစ္စည်း ပေးအပ်ပွဲတွင် ပြောဆိုကြောင်း The Voice ဂျာနယ်၏ အင်တာနက်ဝက်ဆိုက်တွင် ဖော်ပြထားသည်။ “ သူဟာ နိုင်ငံတော်သမ္မတ ဆိုသော်ငြားလည်း လယ်သမားတဦးကဲ့သို့ လယ်ယာကို သုတေသန လုပ်ပြီးတော့ တွေ့ရှိချက်ကို မူတည်ပြီး လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုပြီး လမ်းညွှန်မှာကြားတယ်” ဟု The Voice က ဦးသိန်းအောင်ကို ကိုးကား၍ ရေးသားထားသည်။

No comments:

Post a Comment