Tuesday, June 28, 2011

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု လုံခြုံရေး စိတ်ချရရန် လို


ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု လုံခြုံရေး စိတ်ချရရန် လို

ဧရာဝတီ Monday, 27 June 2011 11:36 သတင်းတိုများ
ထိုင်းကုမ္ပဏီများက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၌ ရင်းနှီးမြှုပ်နှံကြရာတွင် 
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လုံခြုံတည်ငြိမ်ရေးကိစ္စများကို သေချာအောင် 
ပြန်လည်စိစစ်ရန်လိုသည်ဟု ထိုင်း PTT ကုမ္ပဏီက ပြောဆိုလိုက်သည်။ 
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံနေသည့် 
အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ပူးတွဲရင်းနှီးမြှုပ်နှံရေးတွင် အလားအလာရှိနေသော 
PTT ကုမ္ပဏီမှ အကြံပေးပုဂ္ဂိုလ်က ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း 
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment