Wednesday, June 8, 2011

တိုးချဲ့ ရမဲ့ အောင်ပွဲ ၊ ဆက်တိုက်ရမဲ့ တိုက်ပွဲ

6/08/2011
ဂျွန်လ ၁- ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ချုပ်၏ ၁၀၀ကြိမ်မြောက် ညီလာခံ (100th International Labour Conference) စပါတယ်။ဒီနှစ်တော့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ကိုယ်စားလှယ်သုံးဦးလဲ တက်ရောက်နေပါတယ်။ ၁၉၉၂ က စလို့ ILC မှာ နှစ်စဉ် နှစ်တိုင်းFTUB အနေနဲ့လုပ်ခဲ့တာကတော့ စစ်အစိုးရက ကျူး လွန်ချိုးဖေါက်တဲ့အဓမ္မလုပ်အားခိုင်းစေမှု နဲ့ အလုပ်သမား အခွင့်အရေးချိုးဖေါက်မှု တွေကိုတင်ပြ အစီရင်ခံတာ၊ ကန့်ကွက်ရှုံ့ချတာ တွေနဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေကို ဗမာပြည်အခြေအနေတွေ ရှင်းလင်းတင်ပြ ဆွေးနွေး တာဖြစ်ပါ တယ်။ ဒီအလုပ်သမား အခွင့်အရေးနဲ့ ဆိုင်တဲ့ နယ်ပါယ်မှာတော့ FTUB ဟာ တပ်ဦးကအလံကိုင်နေရာကို ရထားခဲ့တာပေါ့။ အဖွဲ့ အစည်း အသီးသီး လူပုဂ္ဂိုလ် အသီးသီးတွေရဲ့ တိုက်ရိုက်နဲ့ သွယ်ဝိုက် ကူညီပံပိုးမှုတွေ ရတာက တကြောင်း၊ ပွဲကလဲပရိတ်သတ် ဗိုလ်ဘုံ အလယ်မှာ ကြိုးဝိုင်းစည်းကမ်း အပြည့် နဲ့ ကစားရတာမျိုးဖြစ်နေတာ တကြောင်း ကြောင့် ညစ်ပြီးမှ ကစားတတ်တဲ့၊ သေနပ်ထောက်ကြိုးတုပ်ပီး မှ အနိုင်ယူတတ်တဲ့ စစ်အာဏာရှင် အုပ်စုအတွက် တော့ ပွဲကြပ်ကွင်းကြပ်ပေါ့လေ။

 



No comments:

Post a Comment