Friday, June 10, 2011

ရှမ်းရွှေ့ပြောင်းလုပ်သားများကို နေရာမှ ဖယ်ရှားခိုင်း


၉ ဇွန် ၂၀၁၁- ထိုင်းနိုင်ငံ ချင်းမိုင်ခရိုက်ထဲမှာ တရားမ၀င် မြေကွက်ဝယ်ယူပြီး နေထိုင်ခဲ့တဲ့ ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေအိမ်နဲ့ မြေကွက်တွေကို ဖယ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြောက်ဘက် ၂၆ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ နောင်ဖိုင့်ရွာက နေအိမ်တွေကို ၄ လအတွင်း အပြီးဖျက်ပြီး ပြောင်းရွှေ့သွားဖို့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ဒီကနေ့မနက်မှာ လာပြီး ပြောကြားခဲ့တာပါ။

No comments:

Post a Comment